#Local_News
Published_ 12 January 2023

 

သင်္ဘောသားနိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ပုံမှန်လျှောက်ထားခြင်းမျိုးမဟုတ်ဘဲ (MSF)အဖွဲ့ချုပ် အနေဖြင့် သီးသန့်ဦးစားပေးလျှောက်ပေးခြင်းလုပ်ငန်းစဉ်ကို လုပ်ကိုင်ပေးခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများ အလုပ်သမားများအဖွဲ့ချုပ်(MSF)၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

ယင်းကဲ့သို့ သင်္ဘောသားနိုင်ငံကူးလက်မှတ်(Seaman Passport) သီးသန့်ဦးစားပေးလျှောက်ထားခြင်း လုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် အကောင်အထည်ဖော်ရမည်ဆိုပါက သင်္ဘောသားတစ်ဦးလျှင် ဝန်ဆောင်ခ ကျပ် (၁၀,၀၀၀) ကောက်ခံမည်ဖြစ်ကြောင်းလည်းတရားဝင်အသိပေးထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊

 

ထုတ်ပြန်ချက်တွင် (MSF)အဖွဲ့ချုပ်အနေဖြင့် ညီနောင်သင်္ဘောသားများ (Seaman Passport) လျှောက်ထားရာတွင် အချိန်ကြာခက်ခဲသည်ဟု သိရှိရပါသောကြောင့် အဆိုပါအချက်အားပြေ‌လည်စေရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ ချဉ်းကပ်၍ သင်္ဘောသားနိုင်ငံကူးလက်မှတ် (Seaman Passport) လျှောက်ထားခြင်းအား သီးသန့်ဦးစားပေးအခွင့်အရေးအဖြစ်ရခဲ့သည်ဟု ဆိုသည်၊၊

 

ထို့နောက်ပိုင်း မကြာမီကာလတွင် အခြားအလားတူသီးသန့်ဦးစားပေးအခွင့်အရေးရသည့် အဖွဲ့အစည်းများ၏ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း မူမမှန်လုပ်ကိုင်မှုကြောင့် ယခုအခါတွင် Passport လျှောက်ထားခြင်းအား သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့်လျှောက်ထားရမည်ဟု မူဝါဒချမှတ်ထားပြီး (Seaman Passport) လျှောက်ထားခြင်းအား DMA မှ တစ်ဆင့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်ဟု ဆိုသည်၊၊

 

SRPS များ သင်္ဘောသားများအနေဖြင့် အဆိုပါ (Seaman Passport) လျှောက်ထားခြင်းလုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် လုပ်ကိုင်ပေးခြင်း မရှိတော့ပါကြောင်း တတိယအကြိမ်မြောက် ထပ်လောင်းအသိပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်၊၊

 

(Seaman Passport) သီးသန့်ဦးစားပေးလျှောက်ထားခြင်း လုပ်ငန်းစဉ်အား MSF အဖွဲ့ချုပ်အနေဖြင့် အကောင်အထည်ဖော်ရမည်ဆိုပါက သင်္ဘောသားတစ်ဦးလျှင် ဝန်ဆောင်ခ ကျပ် (၁၀,၀၀၀) ကောက်ခံမည်ဟု SD/DMA နှင့် MSESF (SRPS ကိုယ်စားပြုအဖွဲ့အစည်း) တွေ့ဆုံစဉ်က တရားဝင်ကြေညာထားပြီးဖြစ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးအပ်ကြောင်း လည်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊

 

#ymg/tthl
#Yangon_Media_Group