#Local_News
Published_ 17 May 2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်းကျေးရွာအုပ်စု၊ လဲတောကျေးရွာအနီး၊ မတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမကြီးမှာ မေလ၁၆ရက်နေ့ ည ၉နာရီခွဲခန့်က မြေသယ်ကားတစ်စီး ချောက်ထဲထိုးကျပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြာင့် ယာဉ်ပေါ်ပါအမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီးနေရာမှာပင်သေဆုံးခဲ့ကြောင်း ပြည်သာယာလူငယ်ပရဟိတအသတင်းမှသိရသည်။
ယာဉ်တိမ်းမှောက်မူကို မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ယာဉ်တိမ်းမှောက်မူကြောင့်သေဆုံးသူအမျိုးသားအား ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/ynzw
#Local_News #မိတ္ထီလာ #မြေသယ်ကား #အမျိုးသားတစ်ဦးသေဆုံး
#YMG #Yangon_Media_Group
- Category: Myanmar
#Local_News
Published_ 16 May 2023
မုန်တိုင်းကြောင့်ပြိုကျတဲ့ အဆောက်အဦနဲ့သစ်ပင်တွေပိပြီး ထိခိုက်ဒဏ်ရာရလို့ စစ်တွေမြို့မှာ(၆)ဦး၊မြောက်ဦးမြို့မှာ ကိုယ်ဝန်ဆောင်(၁)ဦးသေဆုံးသွားတယ်လို့ စစ်တွေအခြေစိုက်လူမှုကူညီရေးအဖွဲထံမှသိရပါတယ်၊၊
#Local_News #မုန်တိုင်း # ပြိုကျသောအဆောက်အဦနှင့်သစ်ပင်ပိ #ကိုယ်ဝန်ဆောင်(၁)ဦးသေဆုံ
#YMG #Yangon_Media_Group
- Category: Myanmar
#Local_News
Published_ 16 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၅ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၉၀၄၄ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၇၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။အဲ့ဒီလူနာများထဲမှာ သေဆုံးသူမရှိဘူးလိုလည်းသိရပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ပိုးတွေ့လူနာ
#YMG #Yangon_Media_Group
- Category: Myanmar
#Local_News
Published_ 16 May 2023
ရန်ကုန်မြို့တွင်းပတ်ကာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအချို့ ယနေ့မေလ ၁၅ရက်က စတင်ပြီး ယာဉ်စီးခ တိုးမြှင့်သတ်မှတ်ကောက်ခံနေပြီ ဖြစ်တယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
#Local_News #ရန်ကုန်မြို့တွင်း #ယာဉ်လိုင်းအချို့ယာဉ်စီးခတိုးမြှင့်
#YMG #Yangon_Media_Group
- Category: Myanmar
#Local_News
Published_ 16 May 2023
ယခု တစ်ပတ်ဈေးကွက်အဖွင့် စက်သုံးဆီဈေးမှာ နှုန်းထား နှစ်ရာကျပ်ဝန်းကျင် အထိသို့ ကျဆင်းခဲ့ပြီး ၉၂တစ်လီတာလျှင် ၁၉၀၀အထိ ရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီးဈေးနှုန်း #အကျဘက်ဆက်လက်တည်ရှိ
#YMG #Yangon_Media_Group
- Category: Myanmar
#Daily_News
Published_ 16 May 2023
၁။ စက်သုံးဆီးဈေးနှုန်း ၁၉၀၀ ဖြင့် အကျဘက် ဆက်လက်တည်ရှိ
၂။ ရန်ကုန်မြို့တွင်းပတ် ယာဉ်လိုင်းအချို့ ယာဉ်စီးခတိုးမြှင့်
၃။ ကိုဗစ်လူနာသစ် ၇၂ ဦးထပ်တွေ့ရှိ ပိုးတွေ့လူနာ ကျဆင်း
၄။ နှစ်ပေါင်း(၅၀)ကြာမှ အိန္ဒိယရုပ်ရှင်ကားကို ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံးပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
- Category: Myanmar
#Local_News
Published_ 16 May 2023
မေလ(၁၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာပြတိုက်နေ့ဖြစ်ပြီး အဲဒီနေ့မှာနေပြည်တော် ၊ရန်ကုန်မှာ ဖွင့်ထားတဲ့ အမျိုးသားပြတိုက်တွေ ၊ပုဂံပြတိုက် ၊မန္တလေးယဉ်ကျေးမှုပြတိုက် အပါအဝင်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနလက်အောက်ရှိ ပြတိုက်တွေကို အခမဲ့လေ့လာကြည့်ရူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News #အမျိုးသားပြတိုက် #မန္တလေးယဉ်ကျေးမှုပြတိုက် #အခမဲ့ကြည့်ရူနိုင်
#YMG #Yangon_Media_Group
- Category: Myanmar