Facebook၊ Instagram၊ WhatsApp နှင့် အခြားသော ဆိုရှယ်မီဒီယာ ပလပ်ဖောင်းများရဲ့ မိခင်ကုမ္ပဏီ Meta ကို တည်ထောင်သူ Mark Zuckerberg က အာဂျင်တီးနား စူပါဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့  ကမ္ဘာ့ဖလားပိုစ်ဟာ Instagram သမိုင်းမှာ လူကြိုက်အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး Instagram စံချိန်ကိုချိုးဖျက်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

2022 ကာတာနိုင်ငံ ဖီဖာကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ Lionel Messi ထံ WhatsApp မက်ဆေ့ခ်ျပေးပိုမှုအနေဖြင့် ကာတာနိုင်ငံ Lusail အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ 2022 ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ 25 သန်းအထိရောက်ရှိခဲ့ကြောင်း ဇူကာဘတ်ကထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

 

လီယွန်နယ်မက်ဆီရဲ့ Instagram ပရိုဖိုင်စာမျက်နှာကို စစ်ဆေးကြည့်ရာမှာတစ်ခုဟာ မှတ်ချက်ပေါင်း 1.8 သန်းနှင့် လိုက်ခ်ပေါင်း 68.2 သန်းကျော်ရရှိခဲ့ပါတယ်။

 

Lionel Messi ဟာ Instagram မှာ Follower 405 သန်းကျော်ရှိနေပြီဖြစ်ပါတယ်

#Yangon_Media_Group