Published 21 December 2022

ရုရှားရေတပ်ဟာ ဟိုက်ပါဆိုနစ် ဇိုင်ယာကွန် ခရုစ်ဒုံးကျည် အသစ်တွေကို လာမယ့် ဇန်နဝါရီလစောစောပိုင်းကနေ စတင်ပြီး ရရှိတော့မယ်လို့ သမ္မတဗလက်ဒီမာပူတင်က ဒီဇင်ဘာ ၂၁ ရက်ကပြောပါတယ်။ အဲဒီလက်နက်ကို ရုရှားက သိပ်မကြာသေးခင်နှစ်တွေက ဖန်တီးခဲ့တာဖြစ်ပါတယ်။

“ ဇန်နဝါရီကစပြီးတော့ အက်ဒ်မိုင်ရယ်လ် ဂေါ့ရှ်ကော့ဗ် ဖရီးဂိတ်သင်္ဘောကြီးကို ဇိုင်ယာကွန်ဟိုက်ပါဆိုနစ်ဒုံးကျည်တွေ တပ်ဆင်မှာဖြစ်ပါတယ်။ ဒီဒုံးကျည်နှင့် အဆင့်တူတာ ဒီကမ္ဘာမှာ မရှိသေးပါဘူး” လို့ ပူတင်က ရုရှားနိုင်ငံရဲ့ အဆင့်မြင့် အရာရှိကြီးတွေနှင့်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Source: AFP

#Russsia_Military_Power

#New_hypersonic_Zircon_cruise_missiles

#Vladimir_Putin