#World_Health
Published 19 December 2022

လူတွေက ခန္ဓာကိုယ်ပုံသဏ္ဍာန်အမျိုးမျိုး ရှိကြပြီး အချို့က တင်ကား၊ အချို့က လက်မောင်းတုတ်၊ အချို့က ခြေထောက်ကြီးတာမျိုး ရှိတတ်ကြပါတယ်။

 

အရင်လေ့လာတွေ့ရှိမှုများအရ ဝမ်းဗိုက်နေရာမှာ အဆီစုလာခြင်းက ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာနဲ့ လေဖြတ်ခြင်းစတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ချေများစေပါတယ်။

 

ဒါပေမဲ့ ပေါင်နေရာတွေကြီးပြီး အရေပြားအောက်အဆီများနေခြင်းကတော့ ကျန်းမာရေးကောင်းကျိုးရှိနိုင်ကြောင်း ပညာရှင်များတွေ့ရှိခဲ့ပါတယ်။

 

ပေါင်၊ တင်ပါးနေရာတို့မှာ အဆီစုနေတဲ့အမျိုးသမီးတွေဟာ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်တို့မှ ပိုပြီးကာကွယ်နိုင်ကြောင်း အမေရိကန်ဂျော်ဂျီယာမှ သုတေသီများ တွေ့ခဲ့ကြပါတယ်။

 

ဒါ့အပြင် ယောက်ျားတွေထက်လည်း ရောင်ရမ်းခြင်းဖြစ်နိုင်ချေနည်းပါတယ်။

 

ကြွက်တွေနဲ့စမ်းသပ်ရာမှာ ကြွက်မတွေကို အဆီစုပ်ထုတ်လိုက်ပြီးနောက် သူတို့ရဲ့ရောင်ရမ်းခြင်းအခြေအနေ မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။

 

မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာလက္ခဏာမပေါ်ခင် ဆယ်စုနှစ်တွေကတည်းက ဦးနှောက်မှာရောင်ရမ်းခြင်းဖြစ်ပေါ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ရောင်ရမ်းခြင်းကိုဆန့်ကျင်ပေးတဲ့ အစွမ်းအာနိသင်တွေပါဝင်တဲ့ အစားအသောက်များစားသုံးခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကင်းဝေးစေပါတယ်။

 

ဒါပေမဲ့ ဒီအတွက်နဲ့တော့ ပေါင်မှာ အဆီစုလာအောင် တမင်တကာမကြိုးစားသင့်ကြောင်းလည်း အကြံပြုထားပါတယ်။

 

သုတေသီတွေအနေနဲ့ အမျိုးသားရောအမျိုးသမီးမှာပါ အဆိုပါကိစ္စက ဘယ်လောက်အထိကာကွယ်နိုင်လဲဆိုတာကို သိရဖို့ လေ့လာရန်လိုအပ်ကြောင်း ဩဂတ်စ်တာတက္ကသိုလ်မှ ပရော်ဖက်ဆာက ဆိုလိုက်ပါတယ်။

 

အဆီဆုံးရှုံးတဲ့အခါ ဦးနှောက်ရဲ့အစိတ်အပိုင်းအမျိုးမျိုးမှာ မတူညီတဲ့သက်ရောက်မှုများ ရှိနိုင်ကာ နောက်ထပ်လေ့လာဖို့လည်း လိုအပ်ပါတယ်။

 

Source: The Sun
#Yangon_Media_Group