#Health_Tips
Published 19 December 2022

လမ်းလျှောက်ခြင်းက အလွယ်ကူဆုံးနဲ့ ဘေးအန္တရာယ်အကင်းဆုံး လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။

 

ခြေလှမ်းတိုင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို ကူညီပေးပြီး ကျန်းမာရေးအတွက် မကောင်းတဲ့အစားအစာတွေကို ကူညီချေဖျက်ပေးပါတယ်။

 

ဒါပေမဲ့ နောက်ပြန်လမ်းလျှောက်ခြင်းဖြင့် သာမန်လမ်းလျှောက်ခြင်းကနေ မရနိုင်တဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

 

နောက်ပြန်လမ်းလျှောက်ခြင်းက စိတ်ပိုင်းဆိုင်ရာ၊ ကြွက်သားများနဲ့ အဆစ်အမြစ်များကို သန်မာစေပါတယ်။

 

နောက်ပြန်လမ်းလျှောက်ကြည့်ဖို့အတွက် ဦးနှောက်နဲ့ခန္ဓာကိုယ် အလိုက်သင့်ဆောင်ရွက်နိုင်စွမ်းရှိဖို့လိုပြီး အားထုတ်မှုများစွာလိုအပ်ကာ လုပ်နေကျမဟုတ်တဲ့အရာကို ဦးနှောက်ကိုခိုင်းစေလိုက်တာပါပဲ။

 

လမ်းလျှောက်ခြင်းကို ပြန်လည်သင်ယူနေရတဲ့ လေဖြတ်ခြင်းခံစားခဲ့ရတဲ့သူတွေမှာ နောက်ပြန်လမ်းလျှောက်ခြင်းလေ့ကျင့်ခန်းမျိုး ပြုလုပ်ပါက ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာကို 'မက်နာမာရာ'က မှတ်ချက်ပြုလိုက်ပါတယ်။

 

နောက်ပြန်ခြေလှမ်းလှမ်းလိုက်တဲ့အခါ ပေါင်မှာရှိတဲ့အဓိကကြွက်သား ၄ ခုထဲက ၂ ခုဟာ ရှေ့သို့လျှောက်ခြင်းထက် ပိုပြီးအလုပ်လုပ်ရပါတယ်။

ဒါကြောင့်ထိုကြွက်သားများ ပိုမိုသန်မာလာကာ ဒူးကိုလည်း ပိုမိုတည်ငြိမ်စေပြီး ဒူးပေါ်ပိတဲ့ဖိအားတွေကို ပြေလျော့စေပါတယ်။

 

ဒူးဆစ်ရောင်ဝေဒနာခံစားနေရသူများအတွက် နာကျင်မှုကိုသက်သာစေပြီး ပိုမိုနေထိုင်လို့ကောင်းလာစေနိုင်တယ်လို့ 'မက်နာမာရာ'က ဆိုခဲ့ပါတယ်။

 

ကယ်လိုရီတွေလည်း ပိုမိုလောင်ကျွမ်းစေပြီး ရှေ့ကိုလျှောက်တဲ့အခါ သိပ်ပြီးအသုံးမပြုရတဲ့ ကြွက်သားတွေအလုပ်လုပ်စေပါတယ်။

 

နောက်ပြန်လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်စွမ်းအင်လောင်ကျွမ်းစေပေမယ့် ကိုယ်အလေးချိန်ချဖို့အတွက်တော့ ရွေးချယ်စရာမဟုတ်ပါဘူး။
ဒီလေ့ကျင့်ခန်းဟာ ခွန်အားနဲ့ ကြွက်သားခံနိုင်ရည်လေ့ကျင့်ဖို့အတွက်သာ အကောင်းဆုံးဖြစ်ပါတယ်။

 

အချိန်အကြာကြီး နောက်ပြန်လမ်းလျှောက်မယ့်အစား အချိန်တိုတိုလျှောက်ရင်း တစ်ခုခုကိုဆန့်ကျင်သလိုအားယူပြီး လျှောက်လို့ရအောင် ပြုလုပ်သင့်ပါတယ်။

 

Source: NY Post
#Yangon_Media_Group