Published 10 Dec 2022

အသက် ၄၉ နှစ်အရွယ် နာမည်ကြီး အမေရိကန် ဘောလုံးသတင်းထောက် ဂရန့်ဝါးဟာ ကာတာကမ္ဘာ့ဖလားပွဲ သတင်းရယူနေရင်း သောကြာနေ့ညက ရုတ်တရက်လဲကျခဲ့ပြီးနောက် သေဆုံးခဲ့ပါတယ်။

အများလေးစားခံရတဲ့ မီဒီယာသမားဂရန့်ဝါးဟာ အာဂျင်တီးနားနှင့် နယ်သာလန်တို့ရဲ့ ပွဲ အချိန်ပိုကစားနေတာကြည့်ရှုရင်း လူဆာလီဘောလုံးကွင်းထဲ လဲကျသွားခဲ့တာဖြစ်ပါတယ်။

သူလဲကျသွားတဲ့ သတင်းရယူတဲ့နေရာကို ဆေးအဖွဲ့ရောက်လာပြီး  သူ့ကို မိနစ်၂၀ခန့် CPR လုပ်ပေးပါတယ်။ ဘောလုံးပွဲပြီးတဲ့အခါ သူ့ကို ဘောလုံးကွင်းထဲကနေ ထုတ်ခဲ့ပါတယ်။ သူ့ကို  လူဆာလီဘောလုံးကွင်းထဲကနေ လူနာတင်ယာဉ်နှင့် ဟာမက်အထွေထွေဆေးရုံကို ရွှေ့ပြောင်းကုသမှုပေးခဲ့ရင်း ကွယ်လွန်ခဲ့ရတာပါ။

“ ဂရန့်ဝါးကို ဆုံးရှုံးရပြီလို့သိရတဲ့အတွက် အမေရိကန်ဘောလုံးမိသားစုတစ်ခုလုံး ကြေကွဲဝမ်းနည်းကြရပါတယ်” လို့ အမေရိကန်ဘောလုံးအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

“ ကျွန်မခင်ပွန်းကို ဝိုင်းကူညီစောင့်ရှောက်ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ တကယ့်ကိုတုန်လှုပ် သွားရပါတယ်” လို့ ဇနီးဖြစ်သူ ဒေါက်တာ စီလင်း ဂေါင်ဒါက တွစ်တာမှာရေးပါတယ်။

သူဟာ ဒီလစောစောပိုင်းတုန်းက အမေရိကန်နှင့်ဝေးလ်ပွဲမှာ ရိန်းဘိုးတီရှပ်ဝတ်ဆင်ခဲ့လို့ သတင်းခေါင်းကြီးတွေဖြစ်ခဲ့ ပါသေးတယ်။ သူ့ကိုစောစောပိုင်းမှာ လုံခြုံရေးက ကွင်းထဲပေးမဝင်ပေမယ့် နောက်ပိုင်းတော့ ဒီတီရှပ်နှင့်ပဲ ဝင်ခွင့်ရခဲ့ ပါတယ်။

သူက သိပ်နေမကောင်းဘူးလို့ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။ “သုံးပတ်လောက် အိပ်ရေးပျက်ခဲ့တယ်။ ဖိအားနှင့် အလုပ်တွေက တအားများတယ် လို့ သူက သူ့ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ ရေးခဲ့ပါတယ်။

Source Metro

#Football_journalist_Grant_Wahl_Dies

#Grant_Wahl

#World_Cup_2022