Published 3 Oct 2021

ရုရှားရဲ့ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ စပွတ်နစ်ဗွီကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှာ မှတ်ပုံတင်ဖို့ အတားအဆီးတွေအားလုံး ရှင်းလင်းသွားပြီဖြစ်ပြီး ပြီးစီးဖို့ စာရွက်စာတမ်းကိစ္စ အနည်းအကျဉ်းသားဆက်လုပ်ဖို့ကျန်တယ်လို့ ရုရှားကျန်းမာရေးဝန်ကြီး မီခေးလ် မူရာရှာကို အောက်တိုဘာ ၂ရက်က ပြောပါတယ်။

နိုင်ငံပေါင်း၇၀ကျော်မှာ အတည်ပြုပေးထားပြီး ရုရှားမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ စပွတ်နစ်ဗွီကာကွယ်ဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ဥရောပဆေးဝါးအေဂျင်စီ( အီးအမ်အေ)က သုံးသပ်နေပါတယ်။ သူတို့ရဲ့ အတည်ပြုချက်ဟာ ဒီဆေးအတွက် ဈေးကွက်သစ် အထူးသဖြင့် ဥရောပဈေးကွက်ကို ဖွင့်ပေးနိုင်ပါလိမ့်မယ်။

မူရာရှာကိုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဟန်နွမ်ဂီဘရေရက်စပ်စ်နှင့် ဂျီနီဗာမှာ တွေ့ဆုံခဲ့ကြပါတယ်။

“ စပွတ်နစ်ဗွီကာကွယ်ဆေး တိုးမြှင့်ရေးနှင့် မှတ်ပုံတင်ရေးအပေါ် ရုရှားရဲ့အနေအထားကို သူတို့သိသွားခဲ့ကြတယ်။ ဒီကနေ့မှာ မေးခွန်းတွေအားလုံးရှင်းထုတ်ပေးပြီးပါပြီ” လို့ ရုရှားကျန်းမာရေးဝန်ကြီးက အင်တာဖက်သတင်းအေဂျင်စီကို ပြောပါတယ်လို့ စီအင်န်အေက သတင်းဖော်ပြပါတယ်။

စပွတ်နစ်ဗွီမှတ်ပုံတင်ရေးလုပ်နေတဲ့ ကုမ္ပဏီအနေနှင့် စာရွက်စာတမ်းအချို့မှာ လက်မှတ်ထိုးပြီး နောက်ထပ်စာရွက် အနည်းငယ်ကိုထပ်ပြီး တင်ပြပေးဖို့ပဲကျန်ပါတယ်” လို့သူကပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဆီက မှတ်ချက်ကိုတော့ သတင်းဌာနက ချက်ခြင်းမရနိုင်သေးပါဘူး။

Source CNA