#World_Politics
Published 29 November 2022

 

ဗြိတိန်ဝန်ကြီးချုပ်'ရီရှီဆူနက်ခ်'က နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ပြီး တနင်္လာနေ့က ပထမဆုံးမိန့်ခွန်းပြောကြားရာမှာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ အာဏာရှင်စနစ်က ဗြိတိန်တို့ရဲ့ အကျိုးစီးပွားအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပြီး ယူကေနဲ့တရုတ်တို့ရဲ့ ဆက်ဆံရေးရွှေရောင်လွှမ်းတဲ့ခေတ်က ပြီးဆုံးသွားပြီးဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

 

ဒါပေမဲ့ 'ဆူနက်ခ်'က တရုတ်ဟာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာမယ်လို့ သမုတ်နေခြင်းကိုတော့ ဆက်လက်မခေါ်ဆိုတော့တာကြောင့် သူ့ရဲ့ကွန်ဆာဗေးတစ်ပါတီမှ နိုင်ငံရေးမှာရန်လိုလားတဲ့ တရုတ်လူမျိုးတွေတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

 

ဒီမတိုင်ခင်တုန်းက 'ဆူနက်ခ်'လိုလူမျိုးဟာ တရုတ်ကို ယူကေရဲ့လုံခြုံရေးထိပါးလာနိုင်တဲ့နိုင်ငံအဖြစ် မှတ်ယူမယ်လို့ ထင်ထားကြတာဖြစ်ပါတယ်။

 

လန်ဒန်ရှိ မြို့တော်ဝန်နှစ်စဉ်စားသောက်ပွဲမှ 'ဆူနက်ခ်'ကပြောကြားရာမှာ ယူကေက တရုတ်လိုပြိုင်ဘက်တွေကို ရင်ဆိုင်သွားမှာဖြစ်ကြောင်း၊ အပြောတွေနဲ့သာမဟုတ်ဘဲ ခိုင်မာတဲ့လက်တွေ့လုပ်ရပ်များဖြင့် ဆောင်ရွက်မှာဖြစ်ကြောင်း၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဂျပန်တို့အပါအဝင် စိတ်တူကိုယ်တူရှိတဲ့ မဟာမိတ်နိုင်ငံများနဲ့ ဆက်ဆံရေးမြှင့်တင်သွားမှာဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

 

"တရုတ်က ကျွန်ုပ်တိုရဲ့အကျိုးစီးပွားအတွက် စနစ်ကျကျစိန်ခေါ်မှုတစ်ရပ် ဖြစ်လာတာကို လက်ခံရမှာဖြစ်ပြီး အာဏာရှင်စနစ်ဘက်ကို ပိုသွားလာတာနဲ့အမျှ စိန်ခေါ်မှုကလည်း ပိုမိုပြင်းထန်လာမှာဖြစ်ပါတယ်" လို ဆိုခဲ့ပါတယ်။

 

တရုတ်မှာ တင်းကျပ်တဲ့ဇီးရိုးကိုဗစ်ကန့်သတ်ချက်ကို ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်ရဲ့ထိန်းချုပ်ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး 'ဆူနက်ခ်'က "ဆန္ဒပြသံတွေကို နားမထောင်ဘဲ တရုတ်အစိုးရက ဖြိုခွဲဖို့ဆုံးဖြတ်ခဲ့ကာ BBC သတင်းထောက်တစ်ဦးကိုလည်း တိုက်ခိုက်ခဲ့ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။

 

ဇူလိုင်လက ဝန်ကြီးချုပ်ဟောင်း'ဘိုရစ်ဂျွန်ဆန်'ရဲ့နေရာမှာ ဆက်ခံမယ့်သူရွေးချယ်ဖို့ ကွန်ဆာဗေးတစ်မှဦးဆောင်သူတွေယှဉ်ပြိုင်ကြရာမှာ 'ဆူနက်ခ်'က "တရုတ်ဟာ ဗြိတိန်နဲ့ ကမ္ဘာ့လုံခြုံရေး၊ ချမ်းသာကြွယ်ဝရေးတိုအတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်တယ်" လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

ယူကေတက္ကသိုလ်တွေမှာ တရုတ်ယဉ်ကျေးမှုနဲ့ ဘာသာစကားတို့ကို မြှင့်တင်ပေးတဲ့ တရုတ်အစိုးရပါဝင်ထောက်ပံ့ထားတဲ့ ကွန်ဖြူးရှပ်စ်တက္ကသိုလ်အဖွဲ့အစည်းအားလုံးကို ပိတ်ပစ်ဖို့ကတိပြုခဲ့ပါသေးတယ်။

 

တရုတ်ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုများကို နိုင်ငံတကာမဟာမိတ်တွေနဲ့ ပူးပေါင်းကာ ဦးဆောင်ကာကွယ်သွားမှာဖြစ်ပြီး တရုတ်သူလျှိထောက်လှမ်းရေးလုပ်ငန်းများကို တန်ပြန်ဆောင်ရွက်ဖို့ ဗြိတိန်ကုမ္ပဏီတွေနဲ့ တက္ကသိုလ်တွေကို ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

 

အတိုက်အခံအလုပ်သမားပါတီမှ နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ 'ဒေးဗစ်လမ်မီ'က ကွန်ဆာဗေးတစ်အစိုးရအဖွဲ့ဟာ တရုတ်အပေါ်သဘောထားကို ပြောင်းပြန်လှန်ပစ်လိုက်ပြန်ပြီလို့ မှတ်ချက်ချလိုက်ပါတယ်။

 

Source: AP News
#Yangon_Media_Group