#World_Health
Published 29 November 2022

 

တစ်ကမ္ဘာလုံးမှ စုံတွဲတွေမှာ ကလေးမရခြင်းပြဿနာက ၁၅ ရာခိုင်နှုန်းခန့်ရှိနေပြီး ဒီပြဿနာတွေဟာ အမျိုးသမီးတွေနဲ့ သက်ဆိုင်နေတယ်လို့ ယူဆခဲ့ကြပါတယ်။

 

ဒါပေမဲ့ အမျိုးသားဘက်မှ မျိုးမအောင်တဲ့အခြေအနေက ကလေးမရခြင်းပြဿနာရဲ့ ၅၀ ရာခိုင်နှုန်းပါဝင်နေတာကို မသိရှိကြပါဘူး။

 

အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းက နေထိုင်မှုပုံစံများအပါအဝင် အချက်အလက်အများအပြားပေါ် မူတည်နေပါတယ်။

 

အမျိုးသားတွေ မျိုးမအောင်ခြင်းနဲ့ ကျန်းမာရေးတို့ကြား ပတ်သက်မှုတွေကို အမေရိကန်ပြည်ထောင်စု အိုဟိုင်ယိုမှ ဒေါက်တာ'နီးလ်ပါရက်ခ်'က ရှင်းပြသွားပါတယ်။

 

ကလေးယူဖို့ စဉ်းစားထားတဲ့အမျိုးသားတွေအနေနဲ့ ၃ လမတိုင်ခင်ကတည်းက ကြိုတင်သတိထားသင့်ပြီး ဆေးလိပ်၊ အသောက်အစား၊ ဆေးခြောက်တို့ကို သတိပြုရမှာဖြစ်သလို အဝလွန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်ခြင်းတို့နဲ့ ပတ်သက်နေပါတယ်။

 

မျိုးအောင်ဖို့ရာ အရေးကြီးတဲ့သုတ်ပိုးတွေ ကျန်းမာသန်စွမ်းဖို့လိုအပ်ပြီး အသက်ကြီးလာတာနဲ့အမျှ အကောင်ရေနဲ့ အရည်အသွေးကျဆင်းလာပါတယ်။

 

သုတ်ရည်တစ်ခါထွက်တိုင်း သုတ်ပိုးအကောင်ရေ ၁၅ သန်းမှ ၂၀၀ ကြားရှိရင် ကျန်းမာတယ်ယူဆပြီး ၁၅ သန်းအောက်ဆိုရင် သုတ်ပိုးအကောင်ရေနည်းတယ်လို့ ဆိုနိုင်ပါတယ်။

 

အပူချိန်မြင့်တဲ့အခါ သုတ်ပိုးအကောင်ရေကျဆင်းပြီး လှုပ်ရှားနိုင်စွမ်းတဝက်မျှ လျော့နည်းသွားတတ်တာကြောင့် မျိုးပွားအင်္ဂါကို အေးမြအောင်ထားဖို့ ဒေါက်တာ'ဝေါင်ချင်ယင်'က အကြံပြုထားပါတယ်။

 

အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ကာကွယ်ထိန်းသိမ်းနိုင်မယ့်နည်းလမ်း ၅ ခုက..

 

(၁) ဆေးလိပ်ရှောင်ရှားခြင်း
ဆေးလိပ်နဲ့စီးကရက်တွေမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအများအပြားကို ထိခိုက်နိုင်ပါတယ်။

 

ဆေးလိပ်သောက်ခြင်းဖြင့် ပုံသဏ္ဍာန်မမှန်တဲ့ သုတ်ပိုးတွေဖြစ်ပေါ်ကာ အကောင်ရေနည်းသွားတတ်ပါတယ်။

 

(၂) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
အဝလွန်တဲ့အခါ လိင်မှုဆိုင်ရာ စိတ်ဝင်စားမှုနဲ့ ယုံကြည်ချက်တို့ ထိခိုက်စေရုံမက သုတ်ပိုးလှုပ်ရှားနိုင်စွမ်းကို လျော့ကျစေပါတယ်။

 

ကိုယ်အလေးချိန်အနည်းငယ် လျှော့ချနိုင်တယ်ဆိုရင်တောင် သုတ်ပိုးအရည်အသွေးကို တိုးတက်စေနိုင်ပါတယ်။

 

(၃) အေးမြစွာထားရှိခြင်း
ရေပူချိုးခြင်းလိုမျိုး လုပ်ရပ်တွေမှာ သုတ်ပိုးဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် အေးမြအောင်ထားခြင်း၊ ပေါ့ပါးချောင်ချိတဲ့အတွင်းခံဝတ်ခြင်းတို့ဖြင့် သုတ်ပိုးကျန်းမာရေးကို တိုးတက်စေမှာဖြစ်ပါတယ်။

 

(၄) ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးခြင်း
အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အသင့်စားအစားအစာတွေက ကျားဟော်မုန်းဖြစ်တဲ့ တက်စ်တိုစတီရုန်းပမာဏကို လျော့နည်းစေပါတယ်။
အိုမီဂါ ၃ ပါဝင်တဲ့ ငါးလိုမျိုးအစားအစာတွေက သုတ်ပိုးလှုပ်ရှားနိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

 

(၅) ဆေးဝါးများသတိထားသုံးစွဲခြင်း
ဆေးဝါးအမျိုးအစားအားလုံးက လိင်ပိုင်းဆိုင်ရာလိုအင်ဆန္ဒနဲ့ သုတ်ပိုးစွမ်းဆောင်ရည်တို့ကို ထိခိုက်စေပါတယ်။

 

အရက်သောက်ခြင်းကလည်း တက်စ်တိုစတီရုန်းထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။

 

Source: SCMP
#Yangon_Media_Group