#World_Science
Published 16 November 2022

 

ကြွက်သတ္တဝါတွေက ဂီတစည်းချက်သံကို နားထောင်တတ်ပြီး တေးသွားအတိုင်းခေါင်းညိတ်နိုင်တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

ထိုကဲ့သို့ တေးသွားကိုနားထောင်တတ်တဲ့အရည်အသွေးဟာ လူတွေမှာသာရှိတယ်လို့ ထင်ခဲ့ကြပါတယ်။

 

တိုကျိုတက္ကသိုလ်မှသုတေသီများက ကြွက် ၁၀ ကောင်ကို အရှိန်တိုင်းမယ့် ကြိုးမဲ့ကိရိယာများတပ်ဆင်ကာ သီချင်းဖွင့်ပြပြီး သူတို့ရဲ့ခေါင်းလှုပ်ရှားမှုကို တိုင်းတာခဲ့ကြကြောင်း Science Advances ဂျာနယ်မှာ သောကြာနေ့ကဖော်ပြခဲ့ပါတယ်။

 

ဖွင့်ပြတဲ့သီချင်းတွေထဲမှာ Lady Gaga ရဲ့ Born This Way ၊ Queen ရဲ့ Another One Bites the Dust ၊ Mozart ရဲ့ Sonata for Two Pianos in D Major ၊ Michael Jackson ရဲ့ Beat It ၊ Maroon 5 ရဲ့ Sugar တို့ပါဝင်ပါတယ်။

 

တစ်မိနစ်ကြာအပိုင်းများကို မတူညီတဲ့ အမြန်နှုန်း ၄ မျိုးဖြင့် ကြွက် ၁၀ ကောင်နဲ့ လူ ၂၀ ယောက်တို့ကို ဖွင့်ပြခဲ့ကြပါတယ်။

 

ကြွက်ရော လူရော တစ်မိနစ်ကို စည်းချက်နှုန်း ၁၂၀ မှ ၁၄၀ အတွင်းမှာ အကောင်းဆုံးစည်းချက်ညီစွာ လိုက်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အရွယ်အစား၊ နှလုံးခုန်နှုန်းကဲ့သို့ အချက်အလက်တွေနဲ့ ဆက်စပ်ပြီး ကြွက်လိုသတ္တဝါငယ်လေးတွေက လူသားတွေနဲ့ယှဉ်ရင် ပိုမြန်တဲ့စည်းချက်တွေကို နားထောင်နိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် ကြွက်တွေဟာလည်း လူတွေလိုပဲ တစ်မိနစ်ကို စည်းချက်နှုန်း ၁၂၀ ကို နားထောင်နိုင်ကြောင်း သိရှိခဲ့ကြပါတယ်။

 

"ကြွက်တွေဟာ မွေးရာပါအတိုင်း သီချင်းစည်းချက်သံကို လိုက်နိုင်ပါတယ်" လို့ တိုကျိုတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ'ဟီရိုကာဇူတာကာဟာရှီ'က ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ကြွက်တွေရော လူတွေပါ စည်းချက်အတိုင်း တူညီစွာခေါင်းလှုပ်ရှားကြပြီး သီချင်းသံမြန်လာတာနဲ့အမျှ ခေါင်းညိမ့်တဲ့အကြိမ်အရေအတွက် ကျသွားပါတယ်။

 

တိရိစ္ဆာန်တွေက လေ့ကျင့်သင်ကြားပေးမှုမရှိဘဲနဲ့ သီချင်းသံကို စည်းချက်ညီစွာလှုပ်ရှားနိုင်တာကို ပထမဆုံးသိရှိရတာဖြစ်ကြောင်း 'တာကာဟာရှီကဆိုပါတယ်။

 

ဒါက ဦးနှောက်ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိရှိဖို့အဓိကသော့ချက်ဖြစ်ပြီး ဉာဏ်ရည်တုစနစ်ကို နောက်ထပ်အဆင့်မြှင့်တင်နိုင်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

 

Source: NYPost
#Yangon_Media_Group