Published 15 Nov 2022

☑️ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က သူဟာ အင်္ဂါနေ့က ကိုဗစ်ကူးစက်ခံရလို့ ဘာလီမှာကျင်းပနေတဲ့ ဂျီ-၂၀ အစည်းအဝေးကနေ  ပြန်သွားပြီလို့ ပြော

☑️သူဟာ ကမ္ဘောဒီးယားမှာ  ဒီရက်မတိုင်ခင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကမ္ဘာ့ခေါင်းဆောင်တွေကို အိမ်ရှင်အဖြစ် ထိပ်သီး အစည်းအဝေးတွေ လက်ခံကျင်းပပေးခဲ့

☑️သူဟာ တနင်္လာနေ့ညက စစ်ဆးကြည့်တဲ့အခါ ကိုဗစ်ပိုးတွေ့ခဲ့တဲ့အတွက် ဂျီ-၁၀ အစည်းအဝေးတွေနှင့် မကြာမီ ဘန်ကောက်မှာကျင်းပမယ့် APEC စီးပွားရေးဖိုရမ်တွေကို တက်ရောက်ဖို့အစီအစဉ်တွေ ဖျက်သိမ်းလိုက်တယ်လို့ ဖေ့စ်ဘုတ်ခ်မှာ သူကရေးတင်

☑️သူနှင့်အနီးကပ်ထိတွေ့ခဲ့တဲ့ ဂျိုးဘိုင်ဒင်ကတော့ အင်္ဂါနေ့ စစ်ဆေးရာမှာ ကိုဗစ်ပိုးမရှိဘူးလို့ အိမ်ဖြူတော်ကပြော

☑️သူတို့ခေါင်းဆောင်နှစ်ဦဟာ စနေနေ့က အချိန်အတိုင်းအတာတစ်ခုအထိ အတူရှိနေခဲ့ကြတာဖြစ်ပြီး တနင်္ဂနွေနေ့ ပူးတွဲအစည်းအဝေးမှာတော့ အတူထိုင်နေခဲ့ကြခြင်းမရှိ

☑️အိမ်ရှင်နိုင်ငံလုပ်ခဲ့တဲ့အတွက် ဟွန်ဆန်ဟာ ထိပ်ဆုံးခေါင်းဆောင်အားလုံးနီးပါးနှင့် ထိတွေ့ဆက်ဆံမှုတွေရှိခဲ့တာဖြစ်

☑️တနင်္ဂနွေနေ့မှာ သူဟာနယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်၊ဩစတြေးလျဝန်ကြီးချုပ်အန်သိုနီအယ်ဘန်နီးစ်တို့နှင့် တွေ့ဆုံခဲ့၊ အင်္ဂါနေ့ ဆေးစစ်ရာမှာ အာဒန်မှာ ကိုဗစ်ပိုးမရှိဘူးလို့ ဩစတြေလျကပြော

☑️ဟွန်ဆန်ဟာ ဂျီ-၂၀ အိမ်ရှင် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့်လည်း တနင်္ဂနွေနေ့က အာဆီယံ ဥက္ကဋ္ဌတာဝန်အလွှဲအပြောင်းမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြ

☑️ဘယ်လိုလုပ်ပြီးကူးစက်လာမှန်းမသိပါဘူးဗျာဟု ဟွန်ဆန်က ဖေ့စ်ဘုတ်ခ်တွင်ပြော

☑️သူဟာ ပုံမှန်ဖြစ်ပြီး ဧည့်သည်တွေတွေ့တာကလွဲရင် အလုပ်တာဝန်ပုံမှန်လုပ်ဆောင်နေဟု သူကပြော

Source AP

#Hun_Sen_covid_positive

#Hun_Sen_G-20

#Hun_Sen_ASEAN_Summit