Published 15 Nov 2022

အလှဘုရင်မတွေထုတ်လုပ်ပေးတဲ့စက်ရုံကြီးအဖြစ် တင်စားကြတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဗင်နီဇွဲလားမယ်ရွေးပွဲလို့သိကြတဲ့ အရေးအကြီးဆုံးအလှမယ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှာကျင်းပပါတော့မယ်။

ကိုဗစ်ကပ်ရောဂါဘေးကြောင့် ပြီးခဲ့တဲ့ (၂)နှစ်မှာ ပရိဿတ်အကန့်အသတ်နှင့် ကျင်းပခဲ့ရာကနေ ယခုနှစ်မှာ ကြီးကျယ်ခမ်းနားစွာပြန်လည်ကျင်းပပေးမှာဖြစ်ပါတယ်။

အဲဒီအတွက် မီဒီယာတွေကိုဖိတ်ကြားပြီး ဝတ်စုံပြည့် အစမ်းပြသပွဲကို နိုဝင်ဘာ ၁၄ ရက်ကကျင်းပပေးခဲ့ပါတယ်။

ဖွင့်ပွဲမှာ ပြိုင်ပွဲဝင်အလှမယ် ၂၄ ဦးတို့ဟာ အကနှင့်တင်ဆက်ကြပါလိမ့်မယ်။ ပြီးခဲ့တဲ့(၂)နှစ်က အနိုင်ရခဲ့တဲ့ အလှမယ် (၅)ဦးကိုလည်း ပွဲတက်ရောက်ဖို့ဖိတ်ကြားထားပါတယ်။

ယခုနှစ်မယ်ရွေးပွဲကို ဗင်နီဇွဲလားနိုင်ငံရဲ့ အထင်ကရ ဇာတ်ရုံတွေထဲက တစ်ရုံဖြစ်တဲ့ ပရိဿတ်နှစ်သောင်းဆန့် Poliedro de Caracas မှာ ကျင်းပပေးမှာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအာရုံစိုက်ကြတဲ့ ဗင်နီဇွဲလားအလှမယ်ရွေးပွဲရဲ့ အကြိုအစမ်းပြသပွဲကို AFP ကတင်ဆက်ထားပါတယ်။

Source AFP

ရုပ်သံကြည့်ရှုရန်..⏭⏭⏭

✅Facebook >>> https://fb.watch/gPklwOswwR/

 

#Miss_Venezuela

#Factory_for_queens

#Venezuela_Beauty_industry