Published 11 Nov 2022

နယူးဇီလန်က တံငါသည်တစ်အုပ်စုဟာ သူတို့မျှော်မှန်းထားတာထက် ပိုကြီးတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိလိုက်ပါတယ်။ အဲဒီငါးကတော့ မာကိုငါးမန်းကြီးတစ်ကောင်ဖြစ်ပါတယ်။အဲဒီငါးကြီးဟာ ရေထဲကနေ သူတို့ငါးဖမ်းလှေပေါ်ကို သူ့ဘာသာ သူ ခုန်တက်လာခဲ့တာပါ။

အဲဒီငါးကြီး လှေပေါ်ကိုခုန်တက်လာတဲ့ တခဏကိုရိုက်ကူးထားတဲ့ ဗွီဒီယိုဟာ အွန်လိုင်းပေါ်မှာ ခေတ်စားသွားပါတယ်။

“ ဖောက်သည်တွေကို ကျွန်တော်ကပြောပါတယ်။ ငါးကလှေထဲ ခုန်ဝင်လာရင် ပိတ်ပင်လို့မရပါဘူး” လို့ of Churchys Charters NZ ရဲ့မာလိန်မှူး ရွိုင်းချာချီက ပြောပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်တုန်းက သူဟာ အခြား ဖောက်သည်ငါးဦးနှင့်အတူ ဝစ်ရှန်ခါမှာ ငါးဖမ်းကြစဉ် ဖြစ်ပွားခဲ့တာပါ။

သူတို့က မက်ခရယ်လ်ငါးကြီးတွေဖမ်းဖို့ပါ။ ဒါပေမယ့် ရုတ်တရက်ကြီး မာကိုငါးမန်းကြီးက အစာကိုလာဟပ်ပါတယ် အဲဒီငါးဟာ ကမ္ဘာ့ အလျင်အမြန်ဆုံးငါးမန်းဖြစ်ပြီး တစ်နာရီကို ၄၆ မိုင်အထိသွားနိုင်ပါတယ်။

“ သူက ခုန်ဆွခုန်ဆွလုပ်နေလို့ ကျွန်တော်တို့ ပြန်ပြီးတွန်းလှန်ရပါတယ်” လို့ ချာချီက ရှင်းပြပါတယ်။ သူက အနားက ဖောက်သည်တွေကို သတိထားလှုပ်ရှားဖို့ သတိပေးနေရင်းကြားထဲမှာပဲ စက္ကန့် ၃၀လောက်အကြာမှာ အဲဒီငါးကြီးဟာ လှေပေါ်ကို ခုန်တက်လာပါတယ်”

သူတို့ဟာ ဘာလုပ်ရမှန်းမသိအောင်ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြပါတယ်။ အဲဒီငါးမန်းကြီးဟာ ၈ပေမှ၉ပေအထိ အလျား ရှိပြီး ပေါင်၃၀၀လောက် အလေးချိန်စီးမယ့်ပုံရပါတယ်။

ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီနောက်ကယ်မယ့်သူတွေ ရောက်မလာခင်မှာ ငါးမန်းကြီးဟာ လူးလွန့်လှုပ်ရှားပြီး သူ့ဘာသူ ရေထဲ အထိအခိုက်မရှိဘဲ  ပြန်ခုန်ဆင်းသွားပါတယ်။

ငါးမန်းဟာ လှေပေါ်မှာ သုံးမိနစ်လောက် လူးလူးလွန့်လွန့်နေသွားခဲ့တာဖြစ်တယ်လို့ ချာချီကပြောပါတယ်။

SOURCE: NY-POST

#Mako_Sharks

#Fishing_Newzealand

#Churchys_Charters_NZ