#World_Health
Published 12 November 2022

 

လူအများစုမှာ အစာအိမ်ရောဂါပိုးဖြစ်တဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ပါက ရက်အနည်းငယ်သာ ဝမ်းပျက်တတ်ပြီး ခဏနေရင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ပါတယ်။

 

အက်ပ်စတိန်းဘားဗိုင်းရပ်စ်ဆိုရင် ရောဂါလက္ခဏာလုံးဝမပြဘဲနဲ့တောင် ပြီးသွားတတ်ပါတယ်။

 

ဒါပေမဲ့ အချို့လူတွေမှာ ဒီလိုရောဂါအပျော့စားလေးတွေကို ကိုယ်ခံအားက အလွန်အကျွံ့တုန့်ပြန်မိပြီး အခန့်မသင့်ရင် နှစ်ပေါင်းများစွာတိုင်အောင် ဆိုးကျိုးအနည်းငယ်ခံစားရတတ်ပါတယ်။

 

သာမန်ရောဂါပိုးကူးစက်ရုံနဲ့တင် လက္ခဏာအကြာကြီးစွဲမြံနေတာမျိုးရှိနိုင်ကြောင်း သံသယရှိခဲ့တာကြာပါပြီ။

 

ဟောင်ကောင်မှာ ဆောင်းရာသီရောက်ရင် အဖြစ်များတဲ့ အစာအိမ်ရောဂါပိုးနိုရိုဗိုင်းရပ်စ်နဲ့ အစာအိမ်ရောင်ရမ်းခြင်းဖြစ်စေတဲ့ ခရွန်ရောဂါတို့ကြား ဆက်စပ်မှုကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

 

ရောဂါပိုး ဒါမှမဟုတ် ဆေးဝါးက ကိုယ်ခံအားကို သူ့ရဲ့ကိုယ်ပိုင်ဆဲလ်တစ်ရှူးအဖြစ်မြင်ပြီး တုန့်ပြန်မှုတွေထွက်ပေါ်လာတာဖြစ်ကြောင်း ဟားဗတ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ဒေါက်တာ'ရေမွန်ချန်'က ပြောကြားခဲ့ပါတယ်။

 

လူတွေအနေနဲ့ နေ့စဉ်နဲ့အမျှ ရောဂါပိုးမွှားတွေကို မရှောင်ရှားနိုင်ရင်တောင် သူတို့ရဲ့ တာရှည်ဆိုးကျိုးများအကြားဆက်စပ်မှုကို သိရှိဖို့အရေးကြီးကြောင်း ဆရာဝန်ကဆိုပါတယ်။

 

ရောဂါပိုးကူးစက်ရာကနေ ရေရှည်မှာ ပြဿနာတွေဖြစ်လာနိုင်ကြောင်းကို သုတေသီတွေ ဆယ်စုနှစ်တွေတိုင်အောင် သိထားကြပါတယ်။
ဒါပေမဲ့ လက်တွေ့သိပ္ပံနည်းကျတွေ့ရှိချက်တွေကတော့ အခုနောက်ပိုင်းနှစ်တွေမှာမှ ရရှိလာကြတာဖြစ်ပါတယ်။

 

သုတေသနစမ်းသပ်ရာမှာ ကြွက်တစ်ကောင်ကို နိုရိုဗိုင်းရပ်စ်ကူးစက်စေပြီး ကြွက်ရဲ့ကိုယ်ခံအားစနစ်မှာ မရှိမဖြစ်ပါဝင်တဲ့ အစိတ်အပိုင်းက အစာအိမ်ကို ထိခိုက်စေခဲ့ပါတယ်။

 

ဒါ့အပြင် အကာကွယ်ပေးမယ့်ပစ္စည်းကိုလည်း ပိတ်ပင်ထားတာကြောင့် ကြွက်က ရောဂါကူးစက်ခံရခြင်းကနေ မသက်သာဘဲဖြစ်နေတာပါ။

 

လူတွေမှာလည်း ထိုကဲ့သို့တသမတ်တည်းဖြစ်နိုင်တယ်လို့ သက်သေပြဖို့ခက်ပေမယ့် ရောဂါပိုးကူးစက်ခြင်းနဲ့ ရောဂါတို့ကြား ဆက်စပ်မှုတော့ တွေ့နေရပါတယ်။

 

အချို့သောလူတွေက သူများတွေထက် ပိုပြီးခံစားရတတ်တာကတော့ သူတို့ရဲ့မျိုးဗီဇတွေက ရောဂါကူးစက်မှုတွေကို ပိုပြီးခံရတတ်တာကြောင့်ဖြစ်ပါတယ်။

 

အကြမ်းဖျင်းအားဖြင့် လူ ၁၂ ယောက်မှာ ၁ ယောက်က တသက်လုံးဒီလိုပြဿနာမျိုး ကြုံရတတ်ပြီး လူလတ်ပိုင်းအမျိုးသမီးငယ်များ ပိုအဖြစ်များလေ့ရှိပါတယ်။

 

အိပ်ရေးဝအောင်အိပ်ခြင်း၊ ဆေးလိပ်နဲ့ အရက်သေစာရှောင်ရှားခြင်း၊ ကျန်းမာရေးညီညွတ်မျှတတဲ့ အစားအစာစားခြင်းတို့ဖြင့် ကိုယ်ခံအားစနစ်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

Source: SCMP
#Yangon_Media_Group