#World_Health
Published 12 November 2022

 

မျက်လုံးကိုရောဂါကူးစက်စေပြီး အမြင်အာရုံရာသက်ပန်ကွယ်သွားစေနိုင်တဲ့ ကပ်ပါးပိုးတစ်မျိုးကို ကင်နာရက်ရေကန်(ဂါလဲလီပင်လယ်)မှာ တွေ့ရနိုင်ဖွယ်ရှိတယ်လို့ အစ္စရေးလ်ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

 

ယခုရက်ပိုင်းများအတွင်း လူနာအနည်းဆုံး ၂၉ ဦးဟာ မျက်ကြည်လွှာရောင်ရမ်းခြင်း၊ အမာရွတ်ဖြစ်ခြင်းနဲ့ အမြင်အာရုံချို့ယွင်းခြင်းတို့ကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ မျက်စိအထူးကုများ သတင်းပို့ခဲ့ကြပါတယ်။

 

ထိုလူနာများ မျက်ကြည်လွှာမှာ ဒဏ်ရာရရှိခဲ့ခြင်းဟာ မိုက်ခရိုစပိုရိုင်ဒီးယားလို့ခေါ်တဲ့ ကပ်ပါးပိုးကူးစက်ခြင်းလက္ခဏာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ ကူးစက်ရောဂါစုံစမ်းစစ်ဆေးချက်အရ အချို့သောလူနာတွေဟာ ကင်နာရက်ရေကန်မှာ ရေချိုးခဲ့တယ်လို့ သိရပါတယ်။

 

အခုအချိန် ကင်နာရက်မှာရေချိုးမယ်ဆိုရင် ရေငုပ်မျက်မှန်အသုံးပြုဖို့ ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

 

အဆိုပါရေကန်မှာရေချိုးမိပြီးတော့ မျက်လုံးရောင်ရမ်းခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း ဒါမှမဟုတ် တစ်စုံတစ်ခုဝင်နေတယ်လို့ မျက်စိအထူးကုထံပြသဖို့ မှာကြားထားပါတယ်။

 

ကင်နာရက်ရေကန်ကနေ ရေသောက်တာမျိုးကတော့ အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group