#World_Health
Published 8 November 2022

 

ဦးခေါင်းပုံစံအချိုင့်ပါတဲ့ ခေါင်းအုံးတွေကို ကလေးငယ်များအသုံးပြုခြင်းဖြင့် အသက်ရှူကြပ်သေဆုံးနိုင်‌တာကြောင့် မိဘတွေအနေနဲ့ ဆက်လက်အသုံးပြုသင့်တော့ပါဘူး။

 

ခေါင်းအုံးအလယ်မှာ အပေါက်ပုံသဏ္ဍာန်ပါတဲ့ ခေါင်းအုံးတွေဟာ ကလေးငယ်တွေ ဦးခေါင်းပြားခြင်းလက္ခဏာအတွက် သင့်တော်ကြောင်း ကြော်ငြာနေကြပါတယ်။

 

ကလေးငယ် ၅ ဦးမှာ ၁ ဦးဖြစ်လေ့ရှိပြီး ကလေးတွေရဲ့ ဦးခေါင်းတွေကပျော့သေးတာကြောင့် အိပ်တဲ့အခါနဲ့ ကလေးမွေးစဉ်မှာ ပြားသွားတတ်ပါတယ်။

 

အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး(FDA)က အဆိုပါခေါင်းအုံးတွေဟာ ကျန်းမာရေးကောင်းကျိုးမရှိဘဲ အသက်ပါသေစေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

 

ခေါင်းအုံးရဲ့ထောင့်ချိုးပုံစံက ကလေးငယ်ရဲ့ရင်ဘတ်ကို မေးစေ့က လာဖိနေသလိုဖြစ်ပြီး အသက်ရှူလမ်းကြောင်းကို ပိတ်မိနိုင်ပါတယ်။

ကလေး ငယ်သေးတဲ့အချိန်မှာ ဦးခေါင်းခွံကပျော့နေသေးတာကြောင့် ဦးခေါင်းခွံပြားခြင်းလက္ခဏာ ဖြစ်တတ်ပါတယ်။

 

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဦးခေါင်းခွံက အနောက်ကို သဘာဝအလျောက်ရွေ့လျားလာပါတယ်လို့ ဆိုပါတယ်။

 

ဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အဆိုပါခေါင်းအုံးမျိုးထုတ်လုပ်သူတွေကို FDA က အကြောင်းကြားလျက်ရှိပါတယ်။

 

ထိုခေါင်းအုံးတွေက ကလေးတွေမှာ အဓိကသေဆုံးရတဲ့အကြောင်းအရင်းဖြစ်နေပြီး အမေရိကန်မှာ နှစ်စဉ် ကလေး ၃,၄၀၀ ခန့် သေဆုံးနေရပါတယ်။

 

FDA က သတိပေးထားပေမယ့် အချို့ဆိုင်တွေမှာ ဦးခေါင်းပုံစံအချိုင့်ပါတဲ့ ခေါင်းအုံးတွေကို ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။

 

ဒါပေမဲ့ ဆရာဝန်တွေကတော့ ထိုပစ္စည်းတွေဖယ်ရှားသွားမယ်လို့ မျှော်လင့်နေကြပါတယ်။

 

Source: Daily Mail
#Yangon_Media_Group