#World_Science
Published 7 November 2022

 

အမေရိကန်နဲ့ ယူကေမှ ကလေးမိခင်များအတွက် အလှဆုံးကလေးနာမည်များကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

 

နာမည်ရဲ့ အသံထွက်၊ သဏ္ဍာန်၊ ဘာသာစကားတည်ဆောက်ပုံနဲ့ နာမည်ခေါ်လိုက်တဲ့အခါပေါ်လာတဲ့ စိတ်ခံစားမှုတို့အပေါ်မူတည်ပြီး ဘာမင်ဂမ်တက္ကသိုလ်က လေ့လာမှုပြုထားတာဖြစ်ပါတယ်။

 

အမေရိကန်နဲ့ ယူကေတို့မှာ 'ဆိုဖီယာ'ဆိုတဲ့နာမည်က မိန်းကလေးနာမည်တွေထဲမှာ ထိပ်ဆုံးနေရာရှိခဲ့ပြီး ယောက်ျားလေးတွေထဲမှာတော့ 'မက်သယူး'နဲ့ 'ဇိန်း'တို့က ထိပ်ဆုံးမှာရှိခဲ့ပါတယ်။

 

အချို့ကလေးနာမည်တွေက တခြားနာမည်တွေထက် ပိုလှတာမျိုးရှိပေမယ့် အသံထွက်၊ ယဉ်ကျေးမှုလွှမ်းမိုးမှု၊ ကျား/မ၊ မိသားစုမျိုးရိုးတို့ကိုလည်း ထည့်သွင်းတွက်ချက်ရပါတယ်။

 

အင်္ဂလိပ်အက္ခရာ 'E'နဲ့စတဲ့နာမည်တွေက နားထောင်လို့ပိုကောင်းပြီး 'အယ်လီ'၊ 'အမ်မလီ'၊ 'အက်ဗဲလင်း'၊ 'အီဗာ'၊ 'အယ်လီနာ'တို့က အဆင့် ၉ ကနေ ၁၃ အတွင်း ရပ်တည်နေပါတယ်။

 

သစ်ပင်ပန်းမန်အစွဲပြုနာမည်တွေဖြစ်တဲ့ 'အိုင်ဗီ'၊ 'လီလီ'၊ 'ဝိုင်အိုလက်'တို့ဟာလည်း အဆင့် ၂၅ အတွင်းရှိနေပါတယ်။

 

ဘုရားသခင်ရဲ့လက်ဆောင်လို့ အဓိပ္ပာယ်ရတဲ့'မက်သယူး'နာမည်ကိုကျယ်ကျယ်ခေါ်တဲ့အခါ အပြုသဘောဆောင်တဲ့ အဓိပ္ပာယ်များစွာဖြစ်ပေါ်ကြောင်း ဒေါက်တာ'ဘိုဒိုဝင်းတား'က ဆိုပါတယ်။

 

အမေရိကန်မှာတော့ 'ဂျူလီယန်'၊ 'ဝီလျံ'၊ 'အိုင်ဆေယာ'နဲ့ 'လီယို'နာမည်တွေက ယောက်ျားလေးတွေအတွက် အလှဆုံးနာမည်များဖြစ်ပါတယ်။

 

အမျိုးသားတော်ဝင်မျိုးနွယ်တွေရဲ့ နာမည်တွေဖြစ်တဲ့ 'လူဝီ'၊ 'ဝီလျံ'၊ 'ဂျော့ဂျ်'တို့က ထိပ်ဆုံး ၁၀ နေရာမှာ ပါဝင်ခဲ့ပါတယ်။

 

'ဟယ်ရီ'နာမည်ကတော့ ထိပ်ဆုံး ၁၀ နေရာနဲ့လွဲသွားပြီး ၁၇ နေရာမှာရှိနေပါတယ်။

 

မိန်းကလေးနာမည်တွေမှာတော့ 'အီ'အသံထွက်နဲ့အဆုံးသတ်တဲ့ နာမည်တွေက လူကြိုက်များပြီး 'ဇိုဝီ'၊ 'ရိုစီ'၊ 'ဆိုဖီ'၊ 'အိုင်ဗီ'တို့ ထိပ်ဆုံး ၁၀ နေရာမှာ ပါဝင်ခဲ့ပါတယ်။

 

အလှဆုံးနာမည်စာရင်းဝင်တွေဟာ နာမည်ခေါ်လိုက်တာနဲ့ လူအများစုနားထောင်လို့ နားဝင်ချိုပြီး အပြုသဘောစိတ်ခံစားချက်များ ဖြစ်ပေါ်စေတယ်လို့ 'ဝင်းတား'ကရှင်းပြပါတယ်။

 

Source: Daily Mail
#Yangon_Media_Group