#World_Politics
Published 4 November 2022

 

အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'က အိမ်ဖြူတော်သမ္မတရာထူးအတွက် တတိယအကြိမ်ယှဉ်ပြိုင်ရန် ယခုလအတွင်း စတင်စီစဉ်နေပြီဖြစ်ပါတယ်။

 

အင်္ဂါနေ့ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ အနိုင်ရဖို့မျှော်မှန်းထားပြီး ထိုကနေမှ အခွင့်အလမ်းကောင်းများရရှိရန် ကြိုးပမ်းနေကာ ဖြစ်နိုင်ချေအခြေအနေများကို သုံးသပ်ဆွေးနွေးဖို့ လူယုံတော်တွေကို ဆက်သွယ်ထားကြောင်း ထရမ့်ရဲ့အကြံပေးပုဂ္ဂိုလ် ၃ ဦးက ပြောကြားလိုက်ပါတယ်။

 

"ပိုးဖလံမျိုး မီးပုံတိုးဆိုတဲ့အတိုင်းပဲ ထရမ့်က ၂၀၂၄ မှာ ယှဉ်ပြိုင်ပါလိမ့်မယ်၊ ကျေးဇူးတော်နေ့မတိုင်ခင် ကြေညာဖို့ဆန္ဒရှိနေပြီး ဒါဟာ ပြိုင်ဘက်တွေအပေါ် အခွင့်အရေးကြီးကြီးမားမား အသာရလိမ့်မယ်ဆိုတာကို သူသဘောပေါက်ထားပါတယ်" လို့ အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာကို ပြောကြားခဲ့ပါတယ်။

 

လာမယ့်သီတင်းပတ်များအတွင်း ပြိုင်ဘက်ဖြစ်လာနိုင်သူတွေကို ပိတ်ပင်ထားနိုင်လိမ့်မယ်လို့ ကြေညာလိုက်ကာ သမ္မတဟောင်းအနေနဲ့လည်း စိတ်ပြောင်းလဲတာမျိုးဖြစ်နိုင်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့ရွေးကောက်ပွဲမတိုင်ခင်လေးမှာပဲ 'ထရမ့်'က ပြန်လည်ရွေးကောက်ခံမယ့်အကြောင်း ကြေညာဖို့ရည်ရွယ်ထားပြီး ကြိုးပမ်းမှုမှာ ပါဝင်မယ့်သူတွေကို အသိပေးထားပါတယ်။

 

ဘက်မလိုက်သော ရွေးကောက်ပွဲရလာဒ်ကြိုတင်ခန့်မှန်းသူများရဲ့ ခန့်မှန်းချက်နဲ့ မဲဆန္ဒများအရ ရီပတ်ဘလစ်ကန်တွေက အမေရိကန်အောက်လွှတ်တော်မှာ နေရာအများစုရရှိနိုင်ချေရှိနေပြီး အထက်လွှတ်တော်မှာလည်း ချုပ်ကိုင်သွားနိုင်ဖွယ်ရှိနေကာ သမ္မတ'ဘိုင်ဒန်'ရဲ့ ဥပဒေပြုရေးအစီအစဉ်ကို နောက် ၂ နှစ်အထိ တားဆီးနိုင်စွမ်းရှိသွားမှာဖြစ်ပါတယ်။

 

ငွေကြေးဖောင်းပွမှုများကြောင့် ဒီမိုကရက်တစ်တွေရဲ့ မဲရရှိမှုမျှော်လင့်ချက် မှေးမှိန်လာကာ မဲဆန္ဒကောက်ခံမှုများအရ တစ်နှစ်ကျော်ကြာတဲ့တိုင်အောင် 'ဘိုင်ဒန်'ကိုထောက်ခံမှုနှုန်းက ၄၀ ရာခိုင်နှုန်းသာ ရှိနေပါတယ်။

 

မနှစ်က အမေရိကန်ကပ်ပီတိုလ်လွှတ်တော်အဆောက်အအုံကို 'ထရမ့်'ထောက်ခံသူများတိုက်ခိုက်ခဲ့ကြကာ မဲလိမ်လည်မှုကြောင့် ရှုံးနိမ့်ရတာဖြစ်တယ်လို့ 'ထရမ့်'က အဆက်မပြတ်စွပ်စွဲနေခဲ့ပါတယ်။

 

'ထရမ့်'ကလည်း မဲကောက်ခံမှုမှာ သိပ်ပြီးအလေးမသာခဲ့ဘဲ အမေရိကန်တွေရဲ့ ၄၁ ရာခိုင်နှုန်းလောက်ကသာ သူ့ကို ထောက်ခံနေကြပါတယ်။

 

'ထရမ့်'ဟာ သမ္မတရာထူးနှုတ်ထွက်ပြီးကတည်းက နိုင်ငံရေးလှုပ်ရှားမှုများကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ပြီး နောက်ထပ်ယှဉ်ပြိုင်ဖို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

သမ္မတရုံးကနေထွက်ခွာပြီးနောက် အရေးကြီးထိပ်တန်းစာရွက်စာတမ်းများကို ယူဆောင်သွားတယ်လို့ စွပ်စွဲခံရပြီး လတ်တလောမှာ စုံစမ်းစစ်ဆေးခံနေရပါတယ်။

 

အခုလိုသာ 'ထရမ့်'ပါဝင်ယှဉ်ပြိုင်လာမယ်ဆိုရင် ၂၀၂၀ က ဘိုင်ဒင်-ထရမ့်ရွေးကောက်ပွဲယှဉ်ပြိုင်မှုမျိုး ပြန်လည်မြင်တွေ့ရဖွယ်ရှိနေပါတယ်။

 

Source: Reuters
#Yangon_Media_Group