Published 4 Nov 2022

ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်က မော်စကိုက သိမ်းပိုက်ထားတဲ့ ယူကရိန်းတောင်ပိုင်း ခါဆွန်မြို့ကနေ အရပ်သားတွေကို ဆွဲထုတ်သင့်တယ်လို့ နိုဝင်ဘာ (၄)ရက်ကပြောလိုက်ပါတယ်။  ကိဗ်ရဲ့ တပ်တွေ တိုးဝင်လာနေတဲ့ အလျောက် အောက်တိုဘာလလယ်ကတည်းက ရုရှားတပ်တွေက လူတွေကိုကယ်ထုတ်နေခဲ့တာဖြစ်ပါတယ်။

}အခုဆို ခါဆွန်မှာ နေကြတဲ့သူတွေကို အန္တရာယ်ရှိတဲ့ တိုက်ပွဲဇုံတွေကနေ ဖယ်ထုတ်သင့်တယ်” လို့ မော်စကိုမြို့ ရင်ပြင်နီမှာ နိုဝင်ဘာ(၄)ရက်ဒီကနေ့မှာကျင်းပတဲ့ ညီညွတ်မှုနေ့ Unity Day ကို ပူတင်က တက်ရောက်ရင်း သိမ်းပိုက်ထားတဲ့  ယူကရိန်းနယ်မြေတွေမှာ လုပ်အားပေးနေကြတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Source: AFP

 

#Vladimir_Putin

#Kherson

#Russia_Ukraine