Published 25 Oct 2022

နီပေါနိုင်ငံမှာ ကုကူတီဟာ လို့ခေါ်တဲ့  ခွေးများနေ့ကို အောက်တိုဘာ ၂၄ ရက်က ဆင်ယင်ကျင်းပခဲ့ပါတယ်။ အဲဒီနေ့မှာ နီပေါနိုင်ငံ တစ်လွှား   ခွေးတွေကို ပန်းကုံးတွေဝတ်ဆင်ပေးပြီး သွားရေစာတွေ ကျွေးမွေးပြုစုကြပါတယ်။ ခွေးများနေ့ဟာ ဟိန္ဒူဘာသာဝင်တွေက ယမလို့ခေါ်တဲ့ သေမင်း နတ်ဘုရားကိုရည်စူးပူဇော်တဲ့ ငါးရက်တာ တီဟာပွဲတော်ရဲ့ ဒုတိယနေ့မှာ ကျရောက်ပါတယ်။

သူတို့ဟာ ယမနတ်ဘုရားကို ကျေနပ်ပျော်ရွှင်စေဖို့အတွက် ခွေးတွေကို ကောင်းစွာ စောင့်ရှောက် ပသ ပေးကြပါတယ်။  ခွေးတွေဟာ ယမနတ်ဘုရားရဲ့ တမန်တော်လို့ သူတို့က ယူဆထားကြပါတယ်။

ဂူလာအမှုန့်၊ဆန်နှင့်ဒိန်ချဉ်တို့ရောစပ်ပြီး ခွေးတွေရဲ့ နှဖူးမှာ  တီလတ်လို့ခေါ်တဲ့အမှတ်အသားကလေးတွေကို ရေးဆွဲပေး   ကြပါတယ်။ လည်ပင်းမှာ ပန်းကုံးတွေ ဝတ်ဆင် ပေးပါတယ်။ ပြီးတော့ သူတို့ကို အသား၊နွားနို့၊ကြက်ဥနှင့် ခွေးစာတွေ ကျွေးကြမွေးကြပါတယ်။ အဲဒီနေ့မှာ တစ်ဦတစ်ယောက်က  ခွေးတွေကို မထီလေးစားလုပ်ရင် အပြစ်ဖြစ်တယ်လို့ မှတ်ယူထားကြတာဖြစ်ပါတယ်။

တီဟာပွဲဟာ နီပေါနိုင်ငံမှာ ဒါရှိန်ပွဲတော်ပြီးရင်  ဒုတိယအကြီးဆုံးပွဲတော်ဖြစ်ပါတယ်။ တီဟာပွဲတော်တွင်း နွားတွေနှင့် ကျီးကန်းတွေကိုလည်း ပသကြပါတယ်။

ဒီနေ့ ကျွန်မတို့ ခွေးတွေကို တီလတ်တွေဆွဲပေးတယ်။ပန်းကုံးဝတ်ဆင်ပေးတယ်။ပြီးတော့ အစားကောင်းအသောက်ကောငးတွေ ကျွေးတယ်။ ဒီနေ့ကတော့ သူတို့ကို အထူး ပသပေးတယ်။လူသားနှင့်ခွေးတွေရဲ့ အကြားဆက်ဆံရေးပိုပြီးနက်နဲစေပါတယ် လို့မဟီမာ ရှရက်စတာက ပြောပါတယ်။

ဒီကနေ့ကတော့ ခွေးတွေရဲ့ ဆောင်ရွက်ပေးတာတွေကို တန်ဖိုးထားတဲ့နေ့ဖြစ်တယ်။ ခွေးတွေဟာ လုံခြုံရေး အေဂျင်စီ တွေအတွက် အလွန့်ကို အရေးကြီဂပါတယ်။ ကူကူးတီဟာဟာ သူတို့စွမ်းဆောင်ပေးခဲ့တာတွေကို ပြန်လည်အသိအမှတ်ပြုပေးတဲ့ အထူးနေ့ကလေးအဖြစ် ကျွန်တော်တို့ သတ်မှတ်ထားပါတယ်လို့ ရဲအရာရှိ ရာမက်ရှ် ပေါ်ခါရယ်လ်ကပြောပါတယ်။

ဒီနေ့ဟာ ခွေးများနေ့ဖြစ်တယ်။ ကျွန်တော်တို့ဟာ ခွေးတွေကို လေးစားမှုပြသတယ်။ ပန်းကုံးဝတ်ပေးတယ်။ အစားအစာ ကျွေးမွေးတယ်။ အိမ်ကခွေးတွေတင်မကဘဲ လမ်းပေါ်ကခွေးတွေကိုလဲ ဒီအတိုင်းပဲ ဆောင်ရွက်တာဖြစ်တယ်။ ဒါဟာ ဒီပွဲတော်ကို ဘယ်လိုဆင်နွဲကြတယ်ဆိုတာပါ” လို့ ကတ္တမန်ဒူ (ကတ်တမန်ဒူ) ဒေသခံ ရီရှီ ရမ် ပေါ်ဒါက ပြောပါတယ်။

ဟိန္ဒူဒဏ္ဍာရီထဲက ယမမှာ ခွေးနှစ်ကောင်ရှိပါတယ်။ ရှီယမားနှင့် ရှာဗာရာ တို့ဖြစ်ကြပါတယ်။ သူတို့ဟာ ငရဲတံခါးကြီးကို  စောင့်ကြပ်ကြပါတယ်။  ခွေးတွေကို စောင့်ရှောက်ပသခြင်းဖြင့် ကောင်းမွန်စွာသေဆုံးကြရတယ်လို့ ဟိန္ဒူတွေက ယုံကြည် ထားကြတာဖြစ်ပါတယ်။ ခွေးတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် နီပေါနှင့် မွန်ဂိုလီးယားတို့မှာ စတင်မွေးမြူခဲ့တာလို့ အချို့ သိပ္ပံလေ့လာမှုတွေကဆိုပါတယ်။

Source AFP

 

#Kukur_Tihar

#Day_of_the_Dogs

#Nepal_Hindu_festival