Published 24 Oct 2022

Dove၊ Nexxus၊ နှင့် Suave တို့ကဲ့သို့သော အမှတ်တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ ယူနီလီဗာကုမ္ပဏီက  ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း ဘင်ဇင်း benzene ဟာ အန္တရာယ်ရှိတဲ့ ပမာဏတွေ့ရှိရလို့ ယင်းရဲ့ ခေါင်းလျှော်ရည်အခြောက် dry shampoo တွေကို အမေရိကန်ဈေးကွက်နေ ဆန္ဒအလျောက် ပြန်သိမ်းယူဖို့ ကြေညာထားပါတယ်။

အမေရိကန် အစားအသောက်နှင့်ဆေးဝါးဌာန (အက်ဖ်ဒီအေ)က ဆန္ဒအလျောက်အဲဒီထုတ်ကုန်တွေကို ပြန်သိမ်းကြဖို့ ကြေညာထားတာလည်းဖြစ်ပါတယ်။

ယူနီလီဗာ-အမေရိကန်ပြည်ထောင်စုက  သတ်မှတ်ရွေးချယ်ထားတဲ့ ကုတ်ဒ်နံပါတ်အတွဲတွေထဲက dry shampoo တွေကို ဆန္ဒအလျောက်ပြန်လည်သိမ်းယူစေဖို့ ကြေညာထားပါတယ်။ အဲဒီ ခေါင်းလျှော်ရည်အခြောက်တွေထဲမှာDove၊ Nexxus၊ Suave၊ TIGI(Rockaholic and Bed Head)နှင့်  TRESemmé တို့ပါဝင်ပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဘင်ဇင်းဆိုတာ လူသား ကာဆီနိုဂျင်တစ်ခု ဖြစ်ပါတယ်။ အဲဒါကို ရှုရှိုက်မိတာ၊ ပါးစပ်ထဲဝင်တာနှင့် အရေပြားကတစ်ဆင့် အဲဒီဓာတုပစ္စည်းနှင့် ထိတွေ့မှုဖြစ်ရပါတယ်။ အဲဒီဓာတ်ဟာ သွေးကင်ဆာ၊ ရိုးတွင်းခြင်ဆီကင်ဆာတွေဖြစ်တတ်ပါတယ်။ အဲဒီအပြင် သွေးဓာတ်ပုံမမှန်ဖြစ်ပြီး အဲဒါဟာ အသက်အန္တရာယ်ရှိစေနိုင်ပါတယ်။

ဒီထုတ်ကုန်တွေပြန်သိမ်းရတာဟာ သတိကြီးစွာထားတဲ့အနေနှင့်သာဖြစ်ပြီး  ဒီခေါင်းလျှော်ရည်တွေမှာ ပါတဲ့ ဓာတုပစ္စည်း အဲဒီပမာဏဟာ နေ့စဉ်ထိတွေ့ရုံနှင့် ကျန်းမာရေးဆိုးကျိုးရှိလာနိုင်ဖွယ်မရှိတာကို စမ်းသပ်တွေ့ရှိရတယ်လို့ ယူနီလီဗာက သတင်းထုတ်ပြန်ပါတယ်။

ဒီခေါင်းလျှော်ရည်တွေနှင့်ပတ်သက်လို့ ကျန်းမာရေးထိခိုက်မှုဖြစ်တဲ့ သတင်းပေးပို့မှုတွေကို ရရှိထားခြင်းလည်း မရှိပါဘူးလို့ ကုမ္ပဏီကပြောပါတယ်။

အဆိုပါခေါင်းလျှော်ရည်တွေကို ပြည်တွင်းမှာသာ ဖြန့်ချိတာဖြစ်ပြီး လက်လီဆိုင်တွေအနေနှင့် သူတို့ရဲ့အရောင်းစင်တွေပေါ်ကနေ ဒီပစ္စည်းတွေဖယ်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

ကနေဒါမှာလည်း အလားတူ ခေါင်းလျှော်ရည်တွေကို ပြန်လည်သိမ်းဆည်းနေတယ်လို့ ကနေဒါလာတဲ့ သတင်းတွေမှာလည်းဖော်ပြထားပါတယ်။

(သိမ်းဆည်းခိုင်းထားတဲ့ dry shampoo အမျိုးအစားနှင့် ထုတ်လုပ်တဲ့ အတွဲတွေကို ယူနီလီဗာရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပြီး ယခု ဒီသတင်းမှာ လည်းပူးတွဲဖော်ပြပေးထားပါတယ်)

Source: Miami Herald and other news outlets

#Unilever_Dry_shampoo

#benzene_cancer

#US_canada