Published 24 Sept 2021
အမေရိကန်အစားအသောက်နှင့်ဆေးဝါး အာဏာပိုင်အဖွဲ့က ဖိုက်ဇာ အားမြှင့် ကိုဗစ်ကာကွယ်ဆေးကို အသက်၆၅နှစ်နှင့်အထက်နှင့် ရောဂါပြင်းထန်နိုင်တဲ့အန္တရာယ်ရှိနေတဲ့သူအားလုံး၊ ဗိုင်းရပ်စ်နှင့်ပုံမှန်ထိတွေ့နိုင်နေတဲ့သူအားလုံးကို ထိုးပေးဖို့ခွင့်ပြုလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် ဒုတိယမြောက်ဆေးကို လွန်ခဲ့တဲ့ခြောက်လက ထိုးထားပြီးဖြစ်တဲ့ လူသန်းပေါင်းမျာစွာဟာ အားမြှင့်ကာကွယ်ဆေးဟာ ဒီအပတ်ထဲ ထိုးနှံခွင့်ရရှိကြတော့မှာဖြစ်ပါတယ်။
အားဖြည့်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်ကြောင့် ကျန်းမာရေးစာင့်ရှောက်မှုလုပ်သားတွေ၊ကျောင်းဆရာတွေ၊နေ့ စောင့်ရှောက်ရေးဝန်ထမ်းတွေ၊ကုန်ခြောက်ဆိုင်လုပ်သားတွေ၊ အိမ်ရာမဲ့တွေနှင့်အကျဉ်းသားတွေဟာ ထိုးနှံခွင့်ရရှိကြ တော့မှာဖြစ်တယ်လို့ အက်ဒီအေရဲ့ ယာယီကော်ရှင်နာ ဂျက်နက် ဝုဒ်ကော့တ်က ကြေညာချက်ထဲမှာာ ပြောကြားထားပါတယ်။
အားမြှင့်ကာကွယ်ဆေးကို အသက်၁၆နှစ်နှင့်အထက် အားလုံးကိုထိုးခွင့်ပေးဖို့ ဖိုက်ဇာက အက်ဖ်ဒီအေကို တောင်းခံထား ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အက်ဖ်ဒီအေပြင်ပအကြံပေးအဖွဲ့တွေကို ပြီးခဲ့တဲ့အပတ်က ဖိုက်ဇာက ပေးပို့ထားတဲ့ အချက်အလက်တွေထဲမှာ ခုခံအားက အချိန်နှင့်အမျှ ကျဆင်းလာတာတွေ့ရလို့ပဲဖြစ်ပါတယ်။
အက်ဖ်ဒီအေရဲ့ ကြေညာချက်က အကြံပေးအဖွဲ့ရဲ့ထောက်ခံချက်ထက်တာင် ကျယ်ပြန့်ပါသေးတယ်လို့ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားဖောင်ဒေးရှင်းရဲ့ ဆေးဝါးညွှန်ကြားရေးမှူး ဒေါက်တာ ဝီလျံရှက်ဖနာက ပြောပါတယ်။
ဒီလိုပထမဆုံးအက်ဖ်ဒီအေရဲ့ ကိုဗစ်-၁၉ အားမြှင့်ဆေးထိုးဖို့ထောက်ခံမှုဟာ ကိုဗစ်နှင့်တိုက်ပွဲဝင်နေတဲ့ကိစ္စတွေအတွက် အရေကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ် လို့ ဖိုက်ဇာရဲ့ အကြီးအကဲ အဲလ်ဘတ်ဘောင်လာက ပြောပါတယ်။ ကုမ္ပဏီကတော့ အားမြှင့်ဆေးဟာ လူတိုင်းအတွက် လိုအပ်ပါတယ်လို့ စောဒကတက်ထားပါတယ်။
အက်ဖ်ဒီအေအဖွဲ့ဝင်တွေကြားမှာလည်း ပြည်သူအားလုံးထိုးပေးသင့်မသင့်မှာ အုပ်စုကွဲခဲ့ပါတယ်။ ဝုဒ်လော့ခ်က အားလုံးထိုးပေးတဲ့ဖက်ကပါ။ ဒါပေမယ့် အချို့ အကြီးတန်းသိပ္ပံပညာရှင်တွေကတော့ လက်ရှိအထောက်အထားတွေက အားလုံးအတွက် ထောက်ခံမှုမပေးထားဘူးလို့ ငြင်းထားပါတယ်။
အစ္စရေးနှင့်ဘရာဇီးအပါအဝင် အချို့နိုင်ငံတွေမှာ ကိုဗစ်အားမြှင့်ကာကွယ်ဆေးစတင်ထိုးနှံနေပါပြီ။ အမေရိကန်မှာတော့ ပြီးခဲ့တဲ့လကတည်းက ခုခံအားကျဆင်းနေတဲ့လူလေးသန်းကို အားမြှင့်ဆေးထိုးပြီးပါပြီလို့ စီဒီစီကပြောပါတယ်။