#World_News
Published 19 Oct 2022

ဂျပန်နိုင်ငံမှာ ကားတစ်စီးဝင်တိုက်မိလို့ ဂျပန်ရဲ့ ရှေးအကျဆုံး ရှေးဟောင်း အိမ်သာ ပျက်စီးသွားရတယ်လို့ ဂျပန်နိုင်ငံ မိုင်အင်နီချီ သတင်းစာက သတင်းရေးသားပါတယ်။

 

အောက်တိုဘာ ၁၇ရက် မနက်၉နာရီခွဲခန့်မှာ ကျိုတိုမြို့ ဟီဂါရှီယားမားရပ်ကွက်က တိုဖူကူဂျီဘုရားကျောင်းရဲ့ ကြမ်းပြင်ပေါ်မှာရှိတဲ့ တိုဆူးအိမ်သာကို ကားတစ်စီးက ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုဆူးအိမ်သာကို နိုင်ငံရဲ့ အရေးကြီးတဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားတာပါ။

 

တိုဆူးအိမ်သာနေရာကို မူရိုမာချီခေတ်(၁၃၃၆-၁၅၇၃)ရဲ့ ပထမခေတ်တစ်ဝက်အတွင်းမှာ ဇင်ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ကျောင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအိမ်သာကို အသုံးမပြုတာကြာပြီဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး အိမ်သာအဖြစ်သိထားကြပါတယ်။

 

အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးဟာ ကားကို နောက်ဆုတ်ရာမှာ မှားယွင်းစွာဆုတ်မိပြီး မတော်တဆ တိုက်မိခဲ့တာဖြစ်တယ်လို့ ကျိုတိုဟီဂါရှီယာမာ ရဲစခန်းကပြောပါတယ်။ အဲဒီကားဟာ တိုဆူးအိမ်သာခန်းဝကို ဝင်တိုက်တဲ့အတွက် အခန်းရဲ့ တံခါးတွေအစိတ်အပိုင်းအချို့နှင့် နံရံတို့ပျက်စီးခဲ့ရပါတယ်။ ဒဏ်ရာရသူတော့ မရှိပါဘူး။

Source :Mainichi
#Japan’s_Oldest_Toilet
#Tosu_toilet
#Japan_Culture
#Yangon_Media_Group