#WorldNews 

Published - 23 Sep 2021

စပိန်နိုင်ငံ ကန်နာရီကျွန်းစုတွေရဲ့ လာပါလ်မားကျွန်းမီးတောင်ပေါက်ကွဲရာက စီးကျလာတဲ့ ချော်ရည်ပူစီးကြောင်းကြီးဟာ ပင်လယ်စပ်ကို ဦးတည်နေပါတယ်။ သူ့လမ်းကြောင်းမှာရှိတဲ့ အရာမှန်သမျှကို ဖျက်စီးပစ်လိုက်ပြီး ရေနှင့်ထိလိုက်တဲ့အခါ အဆိပ်ဓာတ်ငွေ့တွေ အစိုင်လိုက်ထွက်လာမှာကို စိုးရိမ်စရာဖြစ်လာနေပါတယ်။ အဲဒီမီးတောင်ပေါက်ကွဲမှုမှာ ချော်ရည်တွေ ပိုပိုပြီးထွက်လာတဲ့အလျောက် လူထောင်ပေါင်းများစွာဟာ အိုးအိမ်တွေစွန့်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။

#Yangon_Media_Group