#World_Health
Published 18 October 2022

 

အသက် ၇၀ အရွယ်အမျိုးသမီးကြီးဟာ သူ့မျက်လုံးအိမ်ထဲကနေ မျက်ကပ်မှန် ၂၃ ခု ဖယ်ရှားခဲ့ရပါတယ်။

 

ကယ်လီဖိုးနီးယား နယူးပို့တ်ကမ်းခြေမှ မျက်စိဆရာဝန်'ကက်ထရီနာကာတီဗာ'က ထိုမျက်ကပ်မှန်တွေကို နားကြပ်တံထိပ်လေးဖြင့် ဖယ်ရှားခဲ့ပါတယ်။

 

လူနာက အမြင်အာရုံဝေဝါးလာပြီး မျက်လုံးက မခံမရပ်နိုင်အောင် ထိုးအောင့်လာတာကြောင့် မျက်စိအထူးကုဆီ သွားရောက်ခဲ့ပါတယ်။

 

သက်ကြီးအရွယ်တွေမှာ တစ်နှစ်တစ်ခါ မျက်စိအထူးကုနဲ့ပြသရန် အကြံပြုထားကြပေမယ့် ယင်းအမျိုးသမီးကြီးကတော့ ၂ နှစ်အတွင်း မျက်စိမစစ်ဆေးခဲ့ပါဘူး။

 

မျက်ကပ်မှန်ကို နှစ်ပေါင်း ၃၀ လောက်တပ်ဆင်ခဲ့ရကာ ရောဂါပိုးဝင်တာမျိုး၊ အမြင်အာရုံကွယ်တာမျိုး မဖြစ်တာကပဲ ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

လူနာက သူ့မျက်လုံးထဲ တစ်ခုခုဝင်နေသလို ခံစားရကာ မဖယ်ထုတ်တတ်ဘူးလို့ ဆိုပါတယ်။

 

အစကတော့ မျက်ကပ်မှန်ကျိုးပဲ့ပြီး ကျန်နေတာမျိုး၊ ဒါမှမဟုတ် မိတ်ကပ်အကြွင်းအကျန်တွေ ရှိနေတာမျိုးဖြစ်မယ်လို့ ဒေါက်တာ'ကာတီဗာ'က ထင်ခဲ့ပါသေးတယ်။

 

မျက်ခွံဆွဲလှန်တဲ့ကိရိယာနဲ့ မျက်ခွံအပေါ်ရော အောက်ရောဆွဲကြည့်ပြီး မျက်လုံးကိုအောက်စိုက်ခိုင်းတော့မှ မျက်ကပ်မှန်အစွန်းလေးရှိနေတာကို တွေ့မြင်လိုက်ရပါတယ်။

 

ဒေါက်တာ'ကက်ထရီနာ'က သူမျက်စိအထူးကုအလုပ်လုပ်တဲ့နှစ်(၂၀)အတွင်း ဒါမျိုးတစ်ခါမှ မတွေ့ဖူးကြောင်းပြောကြားခဲ့ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group