#Health_Tips
Published 15 October 2022

 

ဝက်ခြံတွေက ကိုယ့်ကိုယ်ကို သတိမထားမိတဲ့အချိန်မှာပဲ နေ့တွင်းညတွင်းကြီး ထွက်လာတတ်ပါတယ်။

 

အရေးကြီးတဲ့ပွဲတွေ၊ အစည်းအဝေးတွေ၊ အင်တာဗျူးသွားရမယ့် ရက်တွေမှာဆိုရင် အမြဲထွက်လာတတ်တယ်မဟုတ်လား။

 

စိတ်ဖိစီးမှု၊ အစားအသောက်မမှန်ခြင်း၊ ညစ်ညမ်းမှုများကြောင့်လည်း ထွက်တတ်ပါတယ်။

 

ဝက်ခြံသက်သာစေဖို့ သဘာဝအတိုင်းပြုလုပ်နိုင်မယ့် နည်းလမ်း ၃ မျိုးကိုဖော်ပြလိုက်ပါတယ်။

 

(၁) လက်ဖက်ပင်အဆီ

 

ဩစတြေးလျမှထွက်ရှိတဲ့ လက်ဖက်ပင်အဆီမှာ ပိုးသေစေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

 

ဝက်ခြံဖြစ်တဲ့နေရာမှာ တို့ပေးခြင်းဖြင့် ခြောက်သွားစေပြီး အရေပြားကိုသန့်စင်ပေးပါတယ်။

 

အသုံးမပြုခင် မျက်နှာသစ်ပြီးတော့ ပြီးတဲ့အခါ သန့်ရှင်းသောဂွမ်းစဖြင့် လက်ဖက်အဆီကိုယူကာ ဝက်ခြံထွက်တဲ့နေရာတိုင်းကို တို့ပေးရပါတယ်။

 

အလျင်အမြန်ခြောက်သွေ့စေချင်ရင် တစ်နေ့ကို ၆ ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။

 

(၂) ခရမ်းချဉ်သီး

 

ခရမ်းချဉ်သီးက အန်တီအောက်ဆီဒင့်နဲ့ ရေဓာတ်ကြွယ်ဝပြီး အဆီထွက်ခြင်း၊ ချွေးပေါက်ပိတ်ခြင်းတို့ကို ထိန်းညှိပေးပါတယ်။

 

ခရမ်းချဉ်သီးကို ထက်ပိုင်းလှီးကာ ဝက်ခြံနေရာမှာ ထားရပါတယ်။

 

ထွက်လာတဲ့အရည်ကိုလည်း လက်ဖြင့်ပွတ်သပ်ပေးကာ ရေနွေးနွေးဖြင့် ဆေးချနိုင်ပါတယ်။

 

(၃) ပျားရည်

 

ပျားရည်က ပိုးသတ်နိုင်ခြင်း၊ အရေပြားသန့်စင်စေခြင်းစတဲ့ အကျိုးများရှိပါတယ်။

 

အရေးကြီးတဲ့နေ့မတိုင်ခင်တစ်ရက်မှာ ဝက်ခြံထွက်လာတယ်ဆိုရင် ပျားရည်က အသုံးဝင်နိုင်ပါတယ်။

 

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကိုရောပြီးတော့ ဖြစ်တဲ့နေရာပေါ်မှာ အနည်းငယ်ကြာအောင် လိမ်းပေးပြီး ရေဆေးချရပါတယ်။

 

လိမ်းတဲ့နေရာမှာ စက်ဝိုင်းပုံလိမ်းခြင်းဖြင့် အရေပြားအတွင်းထဲထိ စိမ့်ဝင်သွားနိုင်ပါတယ်။

 

Source: Soo Healthy
#Yangon_Media_Group