#World_Health
Published 17 September 2022

 

ဆောင်းရာသီလို အချိန်မျိုးမှာ တုပ်ကွေးရောဂါ အဖြစ်များပြီး ရောဂါပြင်းထန်တဲ့ ဗိုင်းရပ်စ်မျိုး ဖြစ်ပါတယ်။

 

တုပ်ကွေးမိပြီဆိုတာနဲ့ ပါရာစီတမေ ာပြေးသောက်တာဟာ ကျောက်ကပ်ကို ဝန်ပိစေပါတယ်။

 

ဒါကြောင့် ခန္ဓာကိုယ်ကနေ တုပ်ကွေးကိုတိုက်ဖျက်နိုင်ဖို့ သဘာဝနည်းလမ်းအချို့လည်း ရှိပါသေးတယ်။

 

(၁) သံပရာသီး

 

သာမန်ပိုးသတ်ဆေးတွေနဲ့ တုပ်ကွေးဗိုင်းရပ်စ်ကို ချေဖျက်နိုင်မှာမဟုတ်ပါဘူး။

 

သံပရာသီးကတော့ ပိုးမွှားသန့်စင်စေတဲ့အပြင် ဗိုင်းရပ်စ်လည်းဆန့်ကျင်နိုင်ပြီး ရောဂါကူးစက်မှုတွေကို တားဆီးပေးပါတယ်။

 

အသုံးပြုပုံကတော့ သံပရာသီးကို ၄ စိတ်စိတ်ပြီးတော့ ရေထဲကိုနှစ်ထားရပါမယ်။

 

၁၀ မိနစ်အပူပေးကာ သံပရာစိတ်တွေမကြေခင် ၁၀ မိနစ်နှပ်ထားရပါမယ်။

 

ပိုပြီးထိရောက်ချင်ရင် လေးညှင်းပွင့်ထည့်နိုင်ပါတယ်။

 

(၂) ဂျင်း

 

ဂျင်းက ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ဗိုင်းရပ်စ်တွေကို နှိမ်နင်းပေးပါတယ်။

 

စားတဲ့ထဲထည့်စားရင် တုပ်ကွေးလိုရောဂါဖြစ်ပွားမှုတွေကနေ အလျင်အမြန်သက်သာစေပါတယ်။

 

ဂျင်းကို အဝိုင်းလိုက်လှီးပြီးတော့ ရေထဲနှစ်ကာ မိနစ် ၃၀ မီးအေးအေးဖြင့်အပူပေးပါ။

 

အနည်အနှစ်တွေစစ်ထုတ်ပြီး ဂျင်းအရသာပါဝင်တဲ့ ရေကိုသာ သောက်သုံးပါ။

 

ဒါ့အပြင် ဂျင်းပြုတ်ရည်ထဲကို သံပရာသီးနဲ့ ပျားရည်လည်း ထည့်လိုရပါသေးတယ်။

 

(၃) ဝိုင်ပြုတ်ရည်

 

တုပ်ကွေးကို ဝိုင်သောက်ပြီး သက်သာစေနိုင်ပေမယ့် ဝိုင်ချည်းသက်သက်တော့ မဟုတ်ပါဘူး။

 

ဝိုင်ကိုအပူပေးပြီးတော့ သဘာဝပစ္စည်းတွေနဲ့ရောစပ်ကာ ချွေးထွက်ကောင်းစေပြီး အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။

 

ဝိုင်ကောင်းကောင်းကို ရေနဲ့ရောပြီး ဂျင်း ၄ ပြားထည့်ပါ။

 

အပူပေးပြီးနောက် ၁၀ မိနစ်ခန့်နှပ်ထားကာ သံပရာ၊ ပျားရည်တိုထည့်ပြီး ညနေပိုင်းမှာ ပူပူလေးသောက်သုံးဖို့ အကြံပြုထားပါတယ်။

 

အထက်ပါနည်းလမ်းတွေနဲ့ အိမ်တွင်းမှာပဲ တုပ်ကွေးကို ကုသနိုင်ပေမယ့် လက္ခဏာတွေက ၃ ရက်ကျော်လာပြီဆိုရင်တော့ ဆရာဝန်ထံပြသသင့်ပါတယ်။

 

#Source: Soo Healthy
#Yangon_Media_Group