#World_Health
Published 4 September 2022

 

ကမ္ဘာ့ပေါ်မှာ ကာကွယ်ရေးထုတ်လုပ်ရေးအကြီးဆုံး ကုမ္ပဏီဖြစ်တဲ့ အိန္ဒိယဆီရမ်အင်စတီကျုက အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ထုတ်လုပ်လိုက်ပြီး မကြာခင် ဈေးကွက်ထဲမှာရောင်းချတော့မှာဖြစ်ကြောင်း ကုမ္ပဏီဘက်ကရော အစိုးရဘက်ကပါ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ကမ္ဘာပေါ်က အမျိုးသမီးတွေကြား သားအိမ်ခေါင်းကင်ဆာက စတုတ္ထအဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားသူ ၆၀၄,၀၀၀ ဦးရှိခဲ့ကာ သေဆုံးသူ ၃၄၂,၀၀၀ ဦးရှိခဲ့ပါတယ်။

 

ထိုသို့ဖြစ်ပွားမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အလယ်အလတ်နိုင်ငံတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာပါ။

 

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခြင်းရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက်က HPV ဗိုင်းရပ်စ် ၁၆ နဲ့ ၁၈ ဖြစ်ပြီး အိန္ဒိယကုမ္ပဏီအနေနဲ့ HPV ဗိုင်းရပ်စ် ၁၆, ၁၈, ၆, ၁၁ တိုဖြင့် လုပ်ဆောင်နေကြောင်း အိန္ဒိယဇီဝနည်းပညာဌာနက ဆိုပါတယ်။

 

Merck နဲ့ GSK ကုမ္ပဏီတို့က HPV ကာကွယ်ဆေး အဓိကထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

 

"အခုထုတ်လုပ်လိုက်တဲ့ကာကွယ်ဆေးဖြင့် အိန္ဒိယရှိ သားအိမ်ခေါင်းကင်ဆာကြောင့် အမျိုးသမီးတွေသေဆုံးနေရခြင်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်" လို့ ဆီရမ်အင်စတီကျုမှ အမှုဆောင်ချုပ်'အက်ဒါပူနာဝယ်လာ'က ထုတ်ပြန်လိုက်ပါတယ်။

 

နောက်လအနည်းငယ်အတွင်း အရင်ဆုံး အိန္ဒိယဈေးကွက်မှာ ကာကွယ်ဆေးဖြန့်ဖြူးမှာဖြစ်ပြီး တစ်ကမ္ဘာလုံးကို ဆက်လက်ဖြန့်ချသွားမယ်လို့ သတင်းထောက်များကို ပြောပြခဲ့ပါတယ်။

 

ကာကွယ်ဆေးက ၂.၅၁ ဒေါ်လာမှ ၅.၀၃ ဒေါ်လာကြား ကျသင့်မှာဖြစ်ပြီး ၂ နှစ်အတွင်း ကုမ္ပဏီကနေ ဆေးပေါင်း ၂ သန်းထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

 

အသက် ၉ နှစ်မှ ၁၄ နှစ်ကြားအမျိုးသမီးငယ်များအတွက် ဆေး ၂ ကြိမ်၊ အသက် ၁၅ နှစ်မှ ၂၆ နှစ်ကြားအတွက် ဆေး ၃ ကြိမ်ကို သွေးကြောထဲထိုးသွင်းရမှာဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group