Published 4 Sept 2022

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူ့နေရာဆက်ခံထားတဲ့ ဂျိုးဘိုင်ဒင်ကို “ နိုင်ငံတော်ရဲ့ရန်သူ” လို့ တံဆိပ်တပ်လိုက်ပါတယ်။ စက်တင်ဘာ ၃ရက်က ပဲင်စီလ်ဗေးနီးယား မှာ ကျင်းပတဲ့ စုရုံးပွဲတစ်ခုမှာ သူက အဲသလိုပြောကြားခဲ့တာဖြစ်ပါတယ်။  သူက ပြီးခဲ့တဲ့လက သူ့ရဲ့ဖလော်ရီဒါအိမ်ကို အက်ဖ်ဘီအိုင်က စီးနင်းတဲ့ကိစ္စကိုလည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။

“ ခင်ဗျားတို့ အမှန်တရားကို သိချင်ကြသလား။ နိုင်ငံတော်ရဲ့ ရန်သူက သူနှင့်  သူ့ကိုထိန်းချုပ်နေတဲ့ အုပ်စုပဲ” လို့ သူက ပြောလိုက်တဲ့အခါ သူ့ထောက်ခံသူတွေက ဩဘာပေးကြပါတယ်။

Source AFP

#Donald_Trump

#Joe_Biden

#Enemy _of_the_state