သူဟာ သူ့ကိုယ်တိုင်ချမှတ်ထားတဲ့ ခပ်ခွာခွာနေရမယ့်သူ့ရဲ့ကိုဗစ်သံမဏိစည်းမျဉ်းကို သူကိုယ်တိုင်ချိုးဖောက်ခဲ့ လို့ ရာထူးကနှုတ်ထွက်သွားတာဖြစ်ပါတယ်။

#တောင်းပန်ပါတယ်

ဟန်ကော့ခ်က သူ့ရဲ့နှုတ်ထွက်မှုကို စနေနေ့ကကြေညာလိုက်တာဖြစ်ပြီး ခပ်ခွာခွာနေရမယ့်စည်းမျဉ်း ချိုးဖောက်မှုနှင့် မိသားစုကို ဒီလိုဒုက္ခပေးမိတာတွေအတွက်ပါ ထပ်တောင်းပန်လိုက်ပါတယ်။

နှုတ်မထွက်ခင်တစ်ရက်အလိုမှာ ဟန်ကော့ခ်က သူ့ရဲ့လက်ထောက် ဂျီနာကလက်ဒန်ဂျီလိုကို ထွေးပွေ့ ပြီး အနမ်းချွေနေတဲ့စီစီတီဗွီပုံရိပ်တွေကို သည်ဆန်း သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ်က လစာရာထူးနေရာကိုတိုးမြှင့်ခန့်ထားရတဲ့ အိမ်ထောင်သည်လော်ဘီသမားတစ်ဦးဖြစ် ပါတယ်။

#ကိုယ့်အမိန့်ကိုယ်မလိုက်နာ

“ စည်းမျဉ်းတွေကိုယ်တိုင်ချတဲ့သူတွေက အဲဒီစည်းမျဉ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာဖို့လိုတယ်။ အဲဒါကြောင့် ကျွန်တော်နှုတ်ထွက်လိုက်တာပါ” လို့ အသက်၄၂နှစ်အရွယ် ဗြိတိန်ကျန်းမာရေးဝန်ကြီးက တွစ်တာမှာရေးခဲ့ပါတယ်။ သူ့ရဲ့တောင်းပန်မှုကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လက်ခံလိုက်ပါတယ်။  ကွန်ဆာဗေးတစ်အမတ် တော်တော်များများက  သူ့ကိုရာထူးကဆင်းပေးဖို့ တောင်းဆိုခဲ့အပြီး သူနှုတ်ထွက်လိုက်တာဖြစ်ပါတယ်။ ဗြိတိန်ရဲ့ သည်ဆန်း သတင်းစာကြီးကတော့ ကျန်းမာရေးဝန်ကြီးဟာ သူ့လက်ထောက်နှင့် ရှုပ်ခဲတာကို သူ့မိန်းမ မာတာကို သူကပြောပြခဲ့တယ်လို့ရေးသားဖော်ပြလိုက်ပြီး သည်ဆန်းဒေးတိုင်းမ်ကလည်း မီဒီယာတွေမှာ အဲဒီပုံတွေတက်လာမှ သူ့ယောကျ်ားဇာတ်လမ်းကို မာတာကသိခဲ့တာလို့လည်းသတင်း ရေးသားခဲ့ကြပါတယ်။ ဟန်ကော့ခ်ဟာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ကလေးသုံးယေက်ရှိပါတယ်။ သူ့ရဲ့နှုတ်ထွက်စာမှာ သူဟာ ကလေးတွေနှင့်အတူ ဒီအချိန်မှာရှိနေဖို့လိုတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ 

ပုံစာ-၁။ ဗြိတိန်ကျန်းမာရေးဝန်ကြီးနှင့်လက်ထောက်ဂျီနာကလက်ဒန်ဂျီလိုတို့ကို ဘီဘီစီသတင်းဌာနတွင် အတူတွေ့ရစဉ်။

၂။ သည်ဆန်းက ဖော်ပြခဲ့သော ဝန်ကြီးနှင့်လက်ထောက်တို့ အနမ်းချွေနေသည့် စီစီတီဗွီပုံရိပ်

Source: Reuter/RT/The Sun/