ဘန်ကောက်- ဆိုးရွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ထိုင်းနိုင်ငံက မြို့တော်ဘန်ကောက်နှင့် အနီးတစ်ဝိုက်မှာ ကန့်သတ်မှုအသစ်တွေကို တနင်္ဂနွေနေ့က ထပ်မံထုတ်ပြန်လိုက်တဲ့အကြောင်း ရိုက်တာရဲ့သတင်းပေးပို့ချက်အရသိရပါတယ်။ #ဆိုင်ထိုင်စားတွေခွင့်မပြု တနင်္လာနေ့က စပြီးအသက်ဝင်မယ့် စည်းကမ်းအသစ်တွေထဲမှာ ဘန်ကောက်နှင့် အနားးမှာရှိတဲ့ ပြည်နယ်(၅)ခုမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ထိုင်ပြီးစားသောက်တာတွေကို ပိတ်ပင်လိုက်ပါတယ်။ ဘန်ကောက်နှင့်အနီးပြည်နယ်ငါးခုက ဈေးဝယ်စင်တာတွေဟာ ည၉နာရီအထိသာဖွင့်ခွင့်ရှိပြီး လူ၂၀ထက် ကျော်လွန်ကာစုဝေးပြီး ပါတီပွဲတွေ၊အခမ်းအနားတွေလုပ်တာတွေကိုပါပိတ်လိုက်ပါတယ်။ #ဆောက်လုပ်ရေးအလုပ်တွေရပ် ပြီးတော့ နေရာခြောက်နေရာမှာရှိတဲ့‌ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုလည်း ရပ်ခိုင်းလိုက်ပြီး အလုပ် သမားတန်းလျားတွေကိုလည်း ရောဂါကူးစက်မှုတွေထိန်းနိုင်အောင် အပြင်ထွက်ခွင့် ပိတ်ထားပေးရမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေထဲမှာ ကိုဗစ်ကူးစက်မှုအတွဲလိုက်တွေ တွေ့နေခဲ့ရပြီးနောက် ယခုလိုအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပြီး လုပ်ငန်းခွင်၅၇၅ခုနှာအလုပ်သမား ရှစ်သောင်းတစ်ထောင်ကျော်အလုပ်လုပ်နေကြတာဖြစ်ပါတယ်။

Source Reuters