Published 19 August 2022

ပြီးခဲ့တဲ့နေ့က ပြိုကျခဲ့တဲ့ တရားမဝင် သတ္တုမိုင်းက အလုပ်သမား (၉)ဦးကို ကြာသပတေးနေ့က ကိုလံဘီယာ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက ကယ်တင်လိုက်နိုင်ကြပါတယ်။

ကိုလံဘီယာရဲ့ အလယ်ပိုင်း ကန်ဒီနာမာဆာ ဒေသရ့ အယ်ဘော့စ်က သတ္တုမိုင်းရဲ့ မြေပြင်ပေါ်ကို (၉)ဦးစလုံး ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

မိုင်းလုပ်သား (၉)ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြပါတယ်လို့ အမျိုးသား သတ္တုမိုင်းဌာနက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။

သူတို့အားလုံးဟာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးဝါးကုသစောင့်ရှောက်မှုပေးထားပါတယ် လို့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မိုင်းလုပ်သားတွေ ဗုဒ္ဓဟူးနေ့ မနက်ကတည်းက မိုင်းတွင်းထဲ ပိတ်မိနေကြတာဖြစ်ပြီး နာရီပေါင်းများစွာအကြာမှာ ကယ်ဆယ်ရေးသမားတွေက  အုတ်အကျိုးအပဲ့တွေကြားထဲကနေ ဆက်သွယ်လို့ရခဲ့ကြပါတယ်။

အဲဒီနောက် သူတို့ကို အသက်ရှုရအောင်အတွက် လေတွေ သွင်းပေးနိုင်ခဲ့ကြပါတယ်။

ကိုလံဘီယာမှာ ရေနံနှင့် ကျောက်မီးသွေးဟာ အဓိကပြည်ပပို့ကုန်ဖြစ်ပြီး သတ္တုတွင်း မတော်တဆဖြစ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

လက်တင်အမေရိကရဲ့ စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ကိုလံဘီယာမှာ ၂၀၂၁ ခုနှစ်တုန်းက မိုင်းတွင်း မတော်တဆမှုကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ကြရပါတယ်။

မက္ကဆီကိုနိုင်ငံမှာလည်း မိုင်းလုပ်သား ၁၀ဦးဟာ မိုင်းတွင်းထဲ နှစ်ပတ်ကြာပိတ်မိနေပြီး အားလုံး အသက်ရှင်လျက် လက္ခဏာ မတွေ့ကြရပဲရှိနေချိန်မှာ ကိုလံဘီယာမိုင်းလုပ်သားတွေကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

Source AFP

#Colombia

#Mine_Collapse

#Mine_accidents

ရုပ်သံကြည့်ရန်..