Published 14 August 2022

အီဂျစ်နိင်ငံ ဂီဇာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ဩဂုတ် ၁၄ရက် တနင်္ဂနွေနေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံး လူ၄၁ ဦးသေဆုံးပြီး ၄၅ ဦခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အင်ဘာဘာရပ်ကွက်က ကော့ပ်တစ် အာဘူ ဆီဖင် ဘုရားကျောင်းမှာ တနင်္ဂနွေနေ့ မနက်ကိုးနာရီထိုးခါနီးဆဲဆဲ လူငါးထောင်ခန့် စုရုံးနေစဉ် လျှပ်စစ်ကနေ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မီးဟာ ဘုရားကျောင်းရဲ့ အဝင်ဝကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး လူတွေအစုလိုက် အလုအယက်ပြုံတိုးခဲ့ကြရင်း သေဆုံးခဲ့ကြရပါတယ်။ သေဆုံးသူ အများစုဟာ ကလေးသူငယ်များဖြစ်ပါတယ်။

“ လူတွေက သုံးထပ်နှင့်လေးထပ်မှာ စုရုံးနေကြတယ်။ ဒုတိယထပ်ကနေ မီးခိုးလုံးတွေတက်လာတာ ကျွန်တော်တို့ တွေ့လိုက်တယ်။ လူတွေက လှေကားအတိုင်း အောက်ကို အလုအယက်ပြေးဆင်းကြတယ်။ တစ်ဦးအပါ်တစ်ဦးပိပြီး လဲကျကြတယ်” လို့ ဘုရားကျောင်းဝတ်ပြုပွဲလာတဲ့ ယာဆီယာ မူနီယာက ပြောပါတယ်။

“ အဲဒီနောက် ကျွန်တော်တို့ ပေါက်ကွဲသံတွေကြားတယ်။ မီးပွားတွေနှင့် မီးတွေက ပြတင်းပေါက်ကနေထွက်လာတယ်” လို့ သူကဆက်ပြောပါတယ်။ သူနှင့်သူ့သမီးက မြေညီထပ်မှာရှိနေလို့ ထွက်ပြေးလို့ရတာလို့လည်းပြောပါတယ်။

အီဂျစ်မှာ လျှပ်စစ်ကြောင့်မီးလောင်တာတွေဟာ သိပ်မထူးဆန်းတော့ပါဘူး။ ၂၀၂၀ နှစ်ကုန်ပိုင်းခန့်ကလည်း  ကိုဗစ်-၁၉ ကုသပေးနေတဲ့ ဆေးရုံတစ်ရုံ မီးလောင်လို့ လူနာ ၁၉ ဦးသေဆုံးပြီး အနည်းဆုံး(၇)ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါသေးတယ်။

အီဂျစ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂီဇာဟာ ကိုင်ရိုမြို့နှင့် နိုင်းမြစ်တစ်ဖက်တစ်ချက်မှာရှိတာပါ။

“ ကျွန်တော် ပြေးလွှားရင်း ဘုရားကျောင်းကနေ ၁၀မီတာလောက်အကွာအထိရောက်လာတော့ အော်သံဟစ်သံတွေကြားရပြီး မီးခိုထူထူကြီးတွေထွက်နေတာမြင်လိုက်ရတယ်” လို့သူကပြောပါတယ်။

“ မီးသတ်သမားတွေက မီးကို ရေနှင့်ငြှိမ်းသတ်အပြီးမှာ ကျွန်တော် နှမအလောင်းကို ကျွန်တော်မှတ်မိလိုက်တယ်။ အလောင်းတွေက အားလုံး တူးချစ်သွားတာ။အများစုက မီးလောင်တုန်း ကလေးထိန်းအခန်းထဲမှာရှိနေကြတဲ့ ကလေးတွေ” လို့ သူကပြောပါတယ်။

Source AFP

#Egypt_Church_Fire

#Giza_Church_Fire

#Coptic_Abu_Sifin_church