Published: 14 August 2022

ဂျာမနီနိုင်ငံက ရိုင်းမြစ်ရေဟာ သင်္ဘောတွေ သွားလာနိုင်ဖို့ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးရည်ညွှန်းရေအမှတ်အောက်ကို ရောက်ရှိနေပါတယ်။ မြစ်ရေဟာ ကော့မြို့မှာ ရည်ညွှန်းရေအမှတ်၁၅.၇ လက်မအောက်ရောက်ရှိသွားတဲ့အတွက်  ရိုင်းမြစ်ရဲ့ မြစ်ကျဉ်းနှင့်ရေတိမ်နေရာတွေမှာ သင်္ဘောတွေသွားလာဖို့ အခက်အခဲတွေရှိလာနေပါတယ်။

ဖက်ဒရယ်ရေကြောင်းသွားလာရေးအဖွဲ့ကတော့ မြစ်ရေဟာ တနင်္လာနေ့အထိ ဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ကွန်တာဂိုက သူတို့ရဲ့ သင်္ဘောတွေ အန္တရာယ်ကင်းကင်း ခုတ်မောင်းဖို့ ခက်လိမ့်မယ်လို့ ပြောပါတယ်။

“ဘေးကင်းရေးအတွက်  ရိုင်းမြစ်အထက်ပိုင်းနှင့်အလယ်ပိုင်းမှာ ရေကြောင်းသွားလာမှုတွေကို ရပ်ရပါလိမ့်မယ်” လို့ ကုမ္ပဏီရဲ့ ဝက်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဂျာမနီရဲ့ ကုန်စည်ပို့ဆောင်ရေးအားလုံးရဲ့ လေးရာခိုင်နှုန်းဟာ ရိုင်းမြစ်အပါအဝင်ရေကြောင်းကနေပို့ဆောင်နေတာပါ။ ရိုင်းမြစ်ဟာ ဆွစ်ဇာလန်က မြစ်ဖျားခံပြီးပြင်သစ်နှင့်ဂျာမနီအပါအဝင် နိုင်ငံတွေတော်တော်များများကို ဖြတ်သန်းစီးဆင်းပြီး နယ်သာလန်အရောက်မှာ ပင်လယ်ထဲစီးဝင်တာဖြစ်ပါတယ်။

Source: AFP

#Rhine_river

#Rhine_river_Germany

#Germany_waterways