Published 10 August 2022

ရာပေါင်းများစွာသော ဌာနေတိုင်းရင်းသားတွေဟာ ဩဂုတ်(၁၀)ရက်က မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမှာ ကမ္ဘာ့ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ် ပွဲတော် ဆင်နွှဲလမ်းလျှောက်ခဲ့ကြပါတယ်။

မက္ကဆီရဲ့ ဒေသအသီးသီးက အရောင်အသွေးမျိုးစုံနှင့် ဌာ နေတိုင်းရင်းသား ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြသူတွေနှင့် တိရိစ္ဆာန်အဝတ်အစားတွေ ဝတ်ဆင်ထားသူတွေဟာ တီးဝိုင်းတွေနှင့် အတူ ချီတက်လမ်းလျှောက်ကြပါတယ်။

သူတို့ဟာ နိုင်ငံရဲ့ လွတ်လပ်ရေအထိမ်းအမှတ် နတ်သမီးရုပ်တုရှေ့ကနေ အဓိကရင်ပြင် ဇိုကာလိုအထိ ချီတက်ကြပါတယ်။

“ကျွန်တော်တို့ဟာ မက္ကဆီကိုစီးတီးကိုလာရောက်ပြီး ဌာနေတိုင်းရင်းသားတွေအဖြစ် ဖော်ပြခွင့်ရတာ သိပ်ဂုဏ်ယူပါတယ်” လို့ အမျိုးသား ဌာနေတိုင်းရင်းသားများ အင်စတီကျု ရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဂျိုဆေး လူဝစ် ကက်စထရိုက ပြောပါတယ်။

“ ကျွန်မတို့ဟာ မက္ကဆီနိုင်ငံရဲ့ ဌာနေတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုရောက်ရှိနေကြတာပါ” လို့လည်း တက်ရောက် ဆင်နွှဲသူတစ်ဦးဖြစ်တဲ့ ဖာနန်ဒါအာရီအိုလာကပြောပါတယ်။

မက္ကဆီကိုမှာ လူဦးရေ၁၂၆သန်းရှိတဲ့အထဲမှာ ၇.၃သန်းဟာ ဌာနေတိုင်းရင်းသားဘာသာစကားကိုပြောကြပါတယ်။

လက်တင်အမေရိကနိုင်ငံဖြစ်တဲ့ မက္ကဆီကိုမှ မြူနီစီပယ်နယ် ၂၅၀၀ရှိပါတယ်။ အဲဒီအထဲက ၁၁၀၃နယ်မှာ ဌာနေတိုင်းရင်းသားတွေနှင့် အာဖရိက-အမေရိကန်လူတွေနေထိုင်ကြတယ်လို့ အစိုးရရဲ့ကိန်းဂဏန်းတွေအရ သိရပါတယ်။

အဲဒီအထဲမှာ ဌာနေတိုင်းရင်းသားတွေရဲ့ ၄၀.၃၃ ရာခိုင်နှုန်းဟာ ခွဲခြားဆက်ဆံခံကြရတယ်လို့ဆိုကြပြီး  ၅၀ရာခိုင်နှုန်းနီးပါးကလည်း သူတို့ရဲ့အခွင့်အရေးတွေဟာ အနည်းငယ်မျှပဲလေးစားခံကြရတယ် ဒါမှမဟုတ် လုံးဝလေးစားခံရတာမရှိဘူးလို့ ဆိုကြတဲ့အကြောင်း ၂၀၁၈ ခုနှစ်က ထုတ်ဝေတဲ့ အမျိုးသား စာရင်းဇယားဌာနရဲ့ လေ့လာမှုအရ သိရပါတယ်။

Source: AFP

#The_World_Day_of_Indigenous_Peoples

#Mexicans_ Indigenous

#Mexico_City