#World_Science
Published 7 August 2022

သုတ်ပိုးများ၊ မျိုးဥများနဲ့ သန္ဓေမျိုးအောင်ခြင်းအဆင့်တွေမပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်သန္ဓေသားကို သုတေသီများဖန်တီးနိုင်ခဲ့ကြပါပြီ။

 

ကြွက်တွေရဲ့ ပင်မစတမ်ဆဲလ်များကနေ အစာအိမ်အူလမ်းကြောင်း၊ ကနဦး ဦးနှောက်တည်ဆောက်ပုံနဲ့ နှလုံးပါဝင်တဲ့ အစောပိုင်းသန္ဓေသားလောင်းတည်ဆောက်ပုံများ ဖြစ်ပေါ်လာတာကို အစ္စရေးလ် ဝေ့ဇ်မန်းတက္ကသိုလ်မှသိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။

 

ထိုလုပ်ငန်းစဉ်က တိရိစ္ဆာန်တွေနဲ့ထိတွေ့စမ်းသပ်ရတာမျိုး နည်းပါးပြီး လူသားတွေမှာ ဆဲလ်နဲ့တစ်ရှူးအစားထိုးခြင်းများအတွက် လမ်းစဖြစ်လာနိုင်ပါတယ်။

 

ဥပမာ သွေးကင်ဆာလူနာမှ အရေပြားဆဲလ်များကို ရိုးတွင်းခြင်ဆီပင်မစတမ်ဆဲလ်များအဖြစ် ပြောင်းလဲပေးပြီး ကုသပေးတာမျိုးဖြစ်ပါတယ်။

 

"သန္ဓေသားလောင်းပင်မစတမ်ဆဲလ်တွေကနေ သန္ဓေသားလောင်းကြီးဖြစ်ပေါ်လာပြီး အချင်းလည်း ဘေးမှာပါဝင်လာပါတယ်၊ ဒီလုပ်ငန်းစဉ်အကြောင်း စိတ်လှုပ်ရှားမိပါတယ်" လို့ ပရော်ဖက်ဆာ'ဂျေကော့ဟန်နာ'က ဆိုပါတယ်။

 

အချို့ဆဲလ်တွေကို ဓာတုပစ္စည်းများနဲ့ ထိတွေ့စေရပြီး အချင်းဖြစ်ပေါ်လာဖို့ မျိုးဗီဇစနစ်များအဖြစ်ပြောင်းလဲရပြီး အချို့ဆဲလ်တွေကတော့ အင်္ဂါတွေ တစ်ရှူးတွေကို အနှောင့်အယှက်မဖြစ်စေဘဲ ဖွံ့ဖြိုးလာကြပါတယ်။

 

လူလုပ်သန္ဓေသားတွေက သူတို့ရဲ့ဆဲလ်ရဲ့ မျိုးဗီဇပုံစံနဲ့ အတွင်းတည်ဆောက်ပုံများအတိုင်း ၉၅ ရာခိုင်နှုန်းတူညီပြီး သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ထိုအင်္ဂါတွေဟာ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။

လူလုပ်သန္ဓေသားတွေက တကယ့်သန္ဓေသားမဟုတ်တဲ့အတွက် သက်ရှိသတ္တဝါဖြစ်လာမှာ မဟုတ်ပါဘူး။

 

Renewal Bio ကုမ္ပဏီကတော့ လူလုပ်လူသားသန္ဓေသားတွေကနေ ဆေးဘက်ဆိုင်ရာ အခြေအနေအတွက် တစ်ရှူးနဲ့ဆဲလ်များရရှိစေနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

 

"လူလုပ်လူသား သန္ဓေသားဖြစ်စဉ်ကို ချက်ချင်းဆောင်ရွက်နိုင်မှာ မဟုတ်သေးပါဘူး၊ ကြွက်သန္ဓေသားတွေလောက် မသိရှိရသေးတဲ့အပြင် လူလုပ်ကြွက်သန္ဓေသားတွေကို ထိထိရောက်ရောက်မလေ့လာနိုင်သေးတာကလည်း လူသားသန္ဓေသား ပြုလုပ်ဖို့အတွက် အလှမ်းဝေးနေပါတယ်၊ ဒါပေမဲ့အခုအချိန်က လူလုပ်လူသားသန္ဓေတု သုတေသနပြုလုပ်ခြင်းနဲ့ပတ်သက်ပြီး ဥပဒေကျင့်ဝတ်နဲ့အညီ ဆောင်ရွက်သွားဖို့ အချိန်ကောင်းဖြစ်ပါတယ်"လို့ လန်ဒန် ဖရန်ဆစ်ခရစ်တက္ကသိုလ်မှ ဒေါက်တာ'ဂျိမ်းစ်ဘရစ္စကိုး'က ပြောပြခဲ့ပါတယ်။

 

ပင်မစတမ်ဆဲလ်က ပြုလုပ်တဲ့ သန္ဓေသားတွေကို သိပ္ပံပညာရှင်များ ပိုမိုလေ့လာမယ်ဆိုရင် သန္ဓေသားအတုတွေနဲ့ သဘာဝသန္ဓေသားတွေ ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ်လို့ ပရော်ဖက်ဆာ'ပေါလ်တယ်ဆာ'က StatNews ကို ပြောကြားခဲ့ပါတယ်။

 

Source: The Guardian
#Yangon_Media_Group