#World_Health
Published 6 August 2022

 

ပူပြင်းလာတဲ့ရာသီဥတုနဲ့ စိုစွတ်မှုတို့ကြောင့် ခြင်တွေသောင်းကျန်းပြီး လူသားတွေလည်း စိတ်ညစ်ကြရပါတယ်။

 

တစ်ခါတလေမှာ ခြင်က ကိုယ့်ကိုပဲရွေးကိုက်နေသလားလို့တောင် ထင်ရတတ်ပါတယ်။

 

ခြင်ထီးတွေက ပန်းဝတ်ရည်တွေကိုသာ သောက်သုံးကြပေမယ့် ခြင်မတွေကတော့ မျိုးဥပွားဖို့အတွက် သွေးစုပ်ယူရန် လိုအပ်ပါတယ်။

 

ခြင်တွေက စိတ်ပျက်စရာကောင်းရုံမက ခြင်ကိုက်ခံရခြင်းမှ ကူးစက်တဲ့ရောဂါ‌တွေကြောင့် နှစ်စဉ်လူဦးရေ ၃ သန်းလောက် သေဆုံးနေကြရပါတယ်။

 

ဒါကြောင့် ထိုခြင်မတွေက ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မျိုးစိတ်‌တွေထဲက တစ်မျိုးလို့ ခေါ်ဆိုနိုင်ပါတယ်။

 

၂၀၁၅ ခုနှစ် အမေရိကန်သုတေသီများရဲ့တွေ့ရှိချက်အရ ခြင်တွေကကိုက်တော့မယ်ဆိုရင် အနံ့၊ အမြင်၊ အပူငွေ့တို့ကို အာရုံခံပြီး ရွေးချယ်ကိုက်တတ်ကြပါတယ်။

 

အချို့အချက်တွေကို ပြုပြင်ပြောင်းလဲလို့ရပေမယ့် အချို့အချက်တွေကတော့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်နေပါတယ်။

 

*ပူနွေးနေတတ်သူ*
ချွေးထွက်တဲ့အခါ လက်တစ်အက်ဆစ်၊ ယူရစ်အက်ဆစ်၊ အမိုးနီးယားနဲ့ အခြားဒြပ်ပေါင်းများ ထွက်လာပါတယ်။

 

အဲဒီကအနံ့တွေက ခြင်တွေကို ဆွဲဆောင်နိုင်ပါတယ်။
လှုပ်ရှားမှုလုပ်တဲ့အခါ ချွေးထွက်လာပြီး လက်တစ်အက်ဆစ်တွေ စုပြုံလာပြီးတော့ ခြင်တွေစုဝေးလာစေပါတယ်။

 

ခြင်မကိုက်အောင် အခန်းကိုခပ်အေးအေးလေးဖြစ်အောင် ထားသင့်ပါတယ်။

 

*အရက်သေစာသောက်သုံးသူ*
ခြင်မတွေက အယ်လ်ကိုဟောကို နှစ်သက်ကြပါတယ်။

 

၂၀၀၂ ခုနှစ်က ဂျပန်သုတေသီတွေစမ်းသပ်ကြရာမှာ ခြင်မတွေက ဘီယာသောက်ထားတဲ့ သူတွေကို ပိုပြီးပစ်မှတ်ထားလေ့ရှိပါတယ်။

 

အယ်လ်ကိုဟောကြောင့် ကိုယ်အပူချိန်တက်လာခြင်းဖြင့် ခြင်တွေရွေးကိုက်ရတာဖြစ်ပါတယ်။

 

*သွေးအမျိုးအစား*
သွေးအုပ်စု’အို’သမားတွေက သွေးအုပ်စု’အေ’သမားတွေထက် နှစ်ဆလောက်ပိုပြီး အကိုက်ခံရတတ်ပါတယ်။

 

သွေးအုပ်စု’ဘီ’ကတော့ အလယ်အလတ်လောက်မှာရှိပြီး ‘အေဘီ’သမားတွေအတွက်တော့ မသိရှိရသေးပါဘူး။

 

*အဝတ်အစားအရောင်*
လူတွေလိုပဲ ခြင်တွေဟာလည်း အမြင်ပေါ်မူတည်ပြီး ပစ်မှတ်ရွေးချယ်လေ့ရှိပါတယ်။

 

ခြင်တွေ မျက်စိမကျစေချင်ရင် အရောင်တောက်တဲ့ဟာတွေ ဝတ်ဆင်သင့်ပါတယ်။

 

အမည်း အမှောင် အနီတွေဝတ်ထားရင် ခြင်တွေပိုပြီး မျက်စိကျနေမှာဖြစ်ပါတယ်။

 

*အရေပြား*
အရေပြားပေါ်မှာရှိနေတဲ့ ဘက်တီးရီးယားတွေက ခြင်တွေကို ဆွဲဆောင်စေပါတယ်။

 

မျက်နှာမှာ ဘက်တီးရီးယားရှိတတ်သူတွေထက် ခန္ဓာကိုယ်မှာ ဘက်တီးရီးယားရှိသူတွေကို ခြင်ပိုကိုက်တတ်ပါတယ်။

 

Source: The Jerusalem Pos.
#Yangon_Media_Group