#World_Health
Published 3 August 2022

 

စမတ်ဖုန်းတွေက လူတွေရဲ့ဘဝမှာ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်လာပြီး အများစုဟာ ဖုန်းထဲကအချက်ပေးချက် အသံတွေကြောင့် အနှောင့်အယှက်ဖြစ်သလို ခံစားကြရပါတယ်။

 

ဒါကြောင့်ပဲ စိတ်အာရုံမနောက်အောင် ဖုန်းကိုအသံပိတ်ထားကြလေ့ရှိပါတယ်။

 

ဒါပေမဲ့ အသံပိတ်ထားခြင်းက တကယ်ပဲအာရုံနောက်သက်သာစေတာလား ဒါမှမဟုတ် ဖုန်းအသံပိတ်ထားစဉ် သူတို့မကြားလိုက် မသိလိုက်ရတာတွေအတွက် ပိုပြီးတွေးပူနေရမလားဆိုတဲ့ အကြောင်းကို Computers in Human Behavior ဂျာနယ်မှာ သုတေသီများဖော်ပြခဲ့ကြပါတယ်။

 

အဆိုပါလေ့လာချက်အတွက် သုတေသီများက iPhone အသုံးပြုသူ ၁၃၈ ဦးထံမှ အချက်အလက်များကောက်ယူခဲ့ကြပါတယ်။

 

သူတို့ထဲက ၄၂ ရာခိုင်နှုန်းက ဖုန်းတုန်ခါတဲ့စနစ်ထားကြပြီး ၈ ရာခိုင်နှုန်းက အသံပိတ်ထားကာ ကျန်တဲ့လူတွေကတော့ အသံဖွင့်ထားပါတယ်။

 

အဲဒီမှာအချို့လူတွေက မသိလိုက်မှာစိုးရိမ်တဲ့ ဝေဒနာခံစားနေရပြီး ဖုန်းအသုံးပြုတဲ့အချိန်ကို တိုင်းတာခဲ့ကြပါတယ်။

 

မသိလိုက်မှာစိုးရိမ်တဲ့ ဝေဒနာခံစားရသူတွေကို ဖော်ထုတ်ရာမှာ ထိုလူတွေက အကြောင်းအရာအများအပြားကို တပြိုင်တည်းပြုလုပ်ကြသူတွေဖြစ်ပြီး မအောင်မြင်ကြပါဘူး။

 

ဒါ့အပြင် ဆုံးဖြတ်ချက်တွေ ကတိပြုမှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားကြတဲ့သူတွေလည်းရှိပြီး သူတို့သာ မရွေးချယ်ဘူးဆိုရင် ဒီထက်ပိုကောင်းတာမျိုး ကြုံရမှာကို မျှော်လင့်သူတွေဖြစ်ပါတယ်။

 

ဖုန်းကိုအသံပိတ်ထားတဲ့ လူတွေက ဖုန်းထဲကိုမက်ဆေ့စာစောင်တွေ ရောက်ရှိခြင်းရှိ/မရှိ သိချင်ကြတာကြောင့် ဖုန်းအသံဖွင့်ထားတဲ့လူတွေထက် ဖုန်းကိုမကြာခဏ ကောက်ကိုင်လေ့ရှိကြပါတယ်။

 

ဒါ့အပြင် ဖုန်းအသံပိတ်ထားတဲ့လူတွေဟာ အသံဖွင့်ထားတဲ့သူတွေထက်စာရင် ဆိုရှယ်မီဒီယာမှာအချိန်အကုန်ဆုံးလူတွေလည်း ဖြစ်နေပါတယ်။
ဖုန်းအသံပိတ်ထားခြင်းက အထူးသဖြင့် မသိလိုက်မှာ စိုးရိမ်တဲ့သူတွေမှာ စိတ်ဆင်းရဲမှုခံစားရတတ်ကြောင်း သုတေသီများက ထုတ်ဖော်လိုက်ကြပါတယ်။

 

ဒါကြောင့် အကုန်လုံးကိုအသံပိတ်ထားမယ့်အစား မိသားစုဝင်တွေနဲ့ အနီးစပ်ဆုံး မိတ်ဆွေတွေထံမှ အရေးကြီးတဲ့မက်ဆေ့အချက်ပေးသံတွေကိုတော့ လွတ်မသွားအောင် အသံဖွင့်ထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group