Published 2 August 2022

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်သို့ သွားရောက်ခဲ့ခြင်းနှင့်ပတ်သက်၍  တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ပြီး ပြင်းထန်စွာ ရှုတ်ချတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲသလိုလုပ်ဆောင်ခြင်းအတွက် အမေရိကန်ပြည်ထောင်စုကို  ပြင်းထန်စွာ ကန့်ကွက်တယ်လို့လည်း တရုတ်ကပြောပါတယ်။

တရုတ်နိုင်ငံအနေနှင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့် ပိုင်နက်တည်တံ့ခိုင်မြဲရေးကို မဆုတ်မနစ်စောင့်ကြပ်ကကာကွယ်ပေးရန် အတွက် လွှတ်တော်ဥက္ကဋ္ဌရဲ့ ခရီးနှင့်ပတ်သက်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အသေအချာပြုလုပ်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပါတယ်။

ယခုကိစ္စကနေဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးကို အမေရိကန်ဘက်နှင့် ထိုင်ဝမ်ခွဲထွက်ရေအင်အားစုတွေသာ  တာဝန်ရှိစေရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အနေနှင့် ထိုင်ဝမ်ကတ်ကိုသုံးပြီး ကစားနေတာတွေနှင့် ထိုင်ဝမ်ကိုအသုံးချပြီး တရုတ်ကို ထိန်းချုပ်နိုင်အောင်ကြိုးစာနေတာတွေကို ရပ်တန့်ဖို့ တရုတ်က ပြင်းထန်စွာတောင်းဆိုတယ်လို့လည်း တရုတ်က ပြောပါတယ်။

ထိုင်ဝမ်ကို နန်စီပီလိုစီရောက်ရှိပြီး မိနစ်ပိုင်းအတွင်းမှာ အဆိုပါကြေညာချက်ကို တရုတ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေကြားထဲက ဩဂုတ် ၂ရက်ညပိုင်းက ထိုင်ဝမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Source Xinhua