Published 28 July 2022

မြောက်ကိုးရီးယားနိုင်ငံသည် ယင်းရဲ့ နျူကလီးယားစစ်အဟန့်အတားတွေကို တိုက်ခိုက်ရန်ပြင်ဆင်ဖို့နှင့် အမေရိကန်ရဲ့ စစ်ရေး ထိပ်တိုက်ဖြစ်မှုကိုတန်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခေါင်းဆောင် ကင်မ်ဂျုန်အမ်က ပြောလိုက်ပါတယ်။

တောင်ကိုးရီးယားသမ္မတအသစ်ကိုလည်း ပထမဆုံးအဖြစ် ဝေဖန်ပြစ်တင်လိုက်ပြီး ဆိုးလ်ဟာ စစ်ပွဲရဲ့နှုတ်ခမ်းဝ ရောက်အောင် တွန်းပို့နေတယ်လို့ သူကပြောလိုက်ပါတယ်။

ဇူလိုင်၂၇ရက်နေ့ ကိုးရီးယားစစ်ပွဲ ရပ်စဲမှု ၆၉နှစ်ပြည့် အခမ်းအနားမှာ ကင်မ်က မိန့်ခွန်းပြောကြားရာမှာ ယခုလိုပြောခဲ့တာ ဖြစ်ပါတယ်။  ကိုးရီးယားစစ်ပွဲရပ်စဲခဲ့ပေမယ့် နည်းပညာသဘောအရ စစ်ကဆက်လက်ဖြစ်နေတာပါ။

၁၉၅၀-၅၃ စစ်ပွဲကတည်းက အမေရိကန်ပြည်ထောင်စုနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး မြောက်ကိုးရီးယားအဖို့ အရေးတကြီး သမိုင်းပေးတာဝန်တစ်ခုပေါက်မြောက်ဖို့လိုအပ်လာတဲ့အတွက်  ကိုယ်ပိုင်ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့ရတယ်လို့ ကင်မ်ကပြောပါတယ်။

“ ကျွန်တော်တို့တပ်တွေဟာ ဘယ်လိုအကျပ်အတည်းမဆို တုန့်ပြန်ဖို့ ပြင်ဆင်ထားရှိပြီးဖြစ်တယ်။  ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီးယားအဟန့်အတားအစီအမံတွေဟာ ယင်းရဲ့မစ်ရှင်ကိုအတိအကျချက်ခြင်းလုပ်ဆောင်နိုင်အောင်  စစ်ပြင်ဆင်ဖို့ အပြည့်အဝအဆင်သင့်ဖြစ်နေပြီ” လို့ သူကပြောပါတယ်။

ပထမဆုံးနျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ ဆိုးလ်နှင့် ဝါရှင်တန်တို့ဟာ ပြင်ဆင်မှုတွေကို ၂၀၁၇ခုနှစ်ကတည်းက ပြီးစီးနေပြီး ဖြစ်တယ်လို့  တောင်ကိုးရီးယားနှင့် အမေရိကန်အရာရှိတွေက ပြောဆိုပြီးနောက် မြောက်ကိုးရီးယာခေါင်းဆောင်ကင်မ်က ယခုလိုပြောကြားလာတာဖြစ်ပါတယ်။

နျူကလီးယာစမ်းသပ်မှုကို စစ်ရပ်စဲရေးနှစ်ပတ်လည်နေ့ ဝန်းကျင်မှာပြုလုပ်နိုင်တယ်လို့ တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက အင်္ဂါနေ့တုန်းကပြောထားပါတယ်။ ဒါပေမယ့် စစ်အရာရှိကြီးတွေကတော့ လတ်တလောမှာ အဲဒီအရိပ်လက္ခဏာမတွေ့ရသေးဘူးလို့ဆိုပါတယ်။

တကယ်လို့ မြောက်ကိုးရီးယားက နျူကလီးယားစမ်းသပ်မှုလုပ်လာရင် ဆိုက်ဘာတိုက်ခိုက်မှုအစီအမံတွေအပါအဝင် အခြားသော ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ နှင့်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ဝန်ကြီးက ပြောထားပါတယ်။

အမေရိကန်နိုင်ငံဟာ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စံနှုန်းနှစ်ခုထားနေတယ်လို့ မြောက်ကိုးရီးယားက နှစ်ရှည်လများ ဝေဖန်နေခဲ့ပါတယ်။

“ ကျွန်တော်တို့တပ်တွေရဲ့ ပုံမှန်ဆောင်ရွက်မှုတွေကို ရန်လိုတာ ခြိမ်းခြောက်တာအဖြစ် အမေရိကန်က အထင်အမြင်မှား‌ေ အာင်လုပ်နေပြီး အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့လုံခြုံရေးကို အကီဲးအကျယ်ခြိမ်းခြောက်တဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို သူကလုပ်ပြနေတယ်။ ဒါဟာ တကယ့်ကို ဓားပြတိုက်မှုတစ်ခုပဲ” လို့ ကင်မ်က ပြောပါတယ်။

Source: Reuters

#North_Korea

#Nuclear_war_deterrent_ready

#North_South_Korea_US