#World_Science
Published 25 July 2022

လူသားများ ကမ္ဘာမြေပေါ်မှာ မနေထိုင်ခင်က အခြားသက်ရှိ ဂြိုဟ်သားများနေထိုင်ခဲ့ဟန်ရှိကြောင်း BIZARRE လေ့လာချက်မှာ ဖော်ပြထားပါတယ်။

 

ကျွန်ုပ်တို့လူသားတွေဟာ စကြဝဠာတစ်ခုလုံးမှာ ပထမဦးဆုံးနဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ တစ်ခုတည်းသောလူ့အဖွဲ့အစည်းဟုတ်/မဟုတ်ကို သိချင်နေတဲ့ ဆန္ဒရှိပြီး သုတေသီတွေက ထိုဆန္ဒအတိုင်း လေ့လာခဲ့ကြတာဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂.၅ သန်းတုန်းက ကမ္ဘာမြေပေါ်မှာ ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ သက်ရှိဂြိုဟ်သားများရှိ/မရှိကို သုတေသီများက စူးစမ်းခဲ့ကြပါတယ်။

 

စက်မှုထွန်းကားတဲ့ ခေတ်ကြီးမှာ လူသားတွေနေထိုင်လာတာ နှစ် ၃၀၀ ရှိလာပြီဖြစ်ကြောင်း၊ မနက်ဖြန်သာ ဒီလူသားတွေပျောက်ကွယ်သွားရင် နှစ်သန်းပေါင်းချီကြာရှိနေတဲ့ ကမ္ဘာကြီးမှာ လူသားတွေရဲ့အစိတ်အပိုင်းက အနည်းငယ်မျှသာ ကျန်ခဲ့မှာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

 

ထိုအရင်အချိန်က တိုးတက်ခဲ့တဲ့သက်ရှိအသိုင်းအဝိုင်းရဲ့ ရုပ်ခန္ဓာနဲ့တည်ဆောက်ပုံတွေကို တွေ့ရှိနိုင်ချေအလွန်နည်းပါးပါတယ်။

 

ကျောက်ဖြစ်ရုပ်ကြွင်းကျန်ခဲ့တဲ့ သက်ရှိအစိတ်အပိုင်းတွေက အလွန်သေးငယ်ပြီး အချိန်၊ နေထိုင်ရာနေရာ၊ ကိုယ်တွင်းတစ်ရှူး၊ အရိုးဖွဲ့စည်းပုံများအရ ကွဲပြားသွားကြပါတယ်။

 

ပျက်စီးမှုများကြောင့် သက်ရှိမျိုးနွယ်တစ်ရပ် ပျောက်ကွယ်သွားကာ ရှင်သန်နေထိုင်ခဲ့ဖူးတဲ့ ခြေရာလက်ရာများကို တွေ့ရှိဖို့အလွန်ခက်ခဲပါတယ်။

 

ကမ္ဘာမြေရဲ့သမိုင်းအထောက်အထားမှာ လူသားမျိုးနွယ်တွေရဲ့သက်ရောက်မှုက နှစ်သန်းပေါင်းများစွာနဲ့ယှဉ်ရင် အနည်းငယ်မျှသာရှိနေမှာဖြစ်ကြောင်း IFLScience သတင်းထောက်'ဂျိမ်းစ်ဖယ်လ်တန်'က သုံးသပ်ခဲ့ပါတယ်။

 

သက်တမ်းပိုမိုကြာရှည်စွာ နေထိုင်နိုင်တဲ့သက်ရှိမျိုးနွယ်က ကမ္ဘာမြေပေါ်မှာ အထောက်အထားပိုမိုကျန်ရစ်မှာ ဖြစ်ပါတယ်။

 

ကိုယ့်ဘာသာရှင်းလင်းနေထိုင်တတ်တဲ့ မျိုးနွယ်တွေကို သေချာမလေ့လာဘဲနဲ့တော့ ရှာဖွေတွေ့ရှိမှာ မဟုတ်ပါဘူး။

 

လူသားတွေကလည်း သူတို့တည်ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားများကို အာကာသထဲမှာ ထားရစ်ခဲ့ပါတယ်။

 

သုတေသနလုပ်ငန်းများက မနုဿဗေဒ၊ ဒဿနိကဗေဒနဲ့ ဇီဝဗေဒသဘောတရားများအကြား ပတ်သက်လျက်ရှိနေပါတယ်။

 

Source: The Sun
#Yangon_Media_Group