Published- 3 Sept 2021
ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါးဟာ ဂျပန်အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် စက်တင်ဘာ ၂၉ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူ့အနေနှင့် ထပ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သူ့ရဲ့ နှုတ်ထွက်တာကို စက်တင်ဘာ ၃ရက် (ယနေ့)မှာ ကြေညာသွားပါတယ်။
ဒီလိုနှုတ်ထွက်တာဟာ ဝန်ကြီးချုပ်နေရာအတွက် နောက်တစ်ဦးအစားထိုးဖို့ အခင်းအကျင်းချလိုက်တာဖြစ်ပါတယ်။
သူဟာ ကျန်ရှိတဲ့ သူ့ဝန်ကြီးချုပ်သက်တမ်းမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းအပေါ်မှာ အာရုံစိုက်လုပ်ဆောင်သွားလိုပြီး လာမယ့်အပတ်ထဲမှာ သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဆူဂါးဟာ ဝန်ကြီးချုပ်တာဝန်ယူတာ တစ်နှစ်ကာလအကြာ စက်တင်ဘာ ၁၇ရက်မှာ မဲဆွယ်ပွဲစတင်ပြီး စက်တင်ဘာ ၂၉ရက်မှာ ပါတီဥက္ကဋ္ဌရွေးချယ်ဖို့ သူ့ပါတီက ပြင်ဆင်နေချိန်မှာ အခုလိုသူက ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီသတင်းကြေညာအပြီးမှာ တိုကျိုရဲ့ စတော့ဈေးကွက် တက်သွားပါတယ်။
အဲဒါကြောင့် သူ့ပါတီဟာ ဆူဂါးကို ဆက်ခံမယ့်သူကို ရှာရတော့မှာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယိုကီရှီဒါက သူဝင်ပြိုင်မယ်လို့ ပြောထားပြီးဖြစ်သလို ပြည်ထဲရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဟောင်းဆာနေးတာကိုင်ချီကလည်း သူဝင်ပြိုင်ဖို့ စိတ်ဝင်စားတယ်လို့ ပြောနေပါတယ်။
ပါတီခေါင်းဆောင်အဖြစ် ဝင်ပြိုင်မယ့် သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲဘူးလို့ ကီရှီဒါက သောကြာနေ့မှာ ပြောပါတယ်။ တာကိုင်ချီကတော့ သူမအနေနှင့် ဆူဂါးရဲ့ ဝင်ပြိုင်မယ့်ကိစ္စ မှောက်ချည်လှန်ချည် လုပ်တာကို စိတ်ပျက်ကြောင်နှင့် အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
အစိုးရက အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
Source: Kyodo/Reuters