#World_Politics
Published 21 July 2022

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က တရုတ်သမ္မတ'ရှီကျင့်ဖင်'နဲ့ ယခုလအကုန်လောက်မှာ ဆွေးနွေးစကားပြောကြားဖို့ စီစဉ်နေပါတယ်။

 

ထိုနှစ်နိုင်ငံဟာ ထိုင်ဝမ်အရေးကိစ္စနဲ့ ကုန်သွယ်ရေးကိစ္စတို့နဲ့ ပတ်သက်ပြီး တင်းမာမှုတဖြည်းဖြည်း မြင့်တက်နေပါတယ်။

 

မာဆာချူဆက်စ်သို့ ရာသီဥတုဆိုင်ရာ အလည်အပတ်ခရီးမှ ပြန်ရောက်လာတဲ့'ဘိုင်ဒန်'က "သမ္မတရှီနဲ့ နောက် ၁၀ ရက်အတွင်း ဆွေးနွေးပြောဆိုဖို့ရှိပါတယ်" လို့ သတင်းထောက်တွေထံ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်အစိုးရအဖွဲ့က အမေရိကန်ပြည်သူများအပေါ် ငွေကြေး ဖောင်းပွမှု ဒဏ်လျော့ကျစေရန် တရုတ်ပြည်မှ ပို့ကုန်များကိုလျှော့ချဖို့ကြံရွယ်နေတဲ့အပြင် ထိုင်ဝမ်အခြေအနေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာ နှစ်နိုင်ငံခေါင်းဆောင်အကြား အချိန်ပေးဆွေးနွေးလာကြဖို့ ရှိနေပါတယ်။

 

အမေရိကန်က တရုတ်ကိုအဓိက ပြိုင်ဘက်အဖြစ်သတ်မှတ်ထားပြီး နှစ်နိုင်ငံဆက်ဆံရေး တည်မြဲဖို့နဲ့ မရည်ရွယ်ဘဲ ပဋိပက္ခဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အရေးကြီးကြောင်း အမေရိကန်ဘက်က ပြောကြားခဲ့ပါတယ်။

 

တရုတ်က လုံခြုံရေးကဏ္ဍအရ စိန်ခေါ်လာနိုင်ကြောင်း သတ်မှတ်ဖို့နေတိုး(NATO)ကို အမေရိကန်က ဖိအားပေးခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောကြားရာမှာ နောက်လအတွင်း အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်သို့သွားရောက်လည်ပတ်မယ့် အစီအစဉ်ကို 'ဘိုင်ဒန်'က အလိုမကျဖြစ်နေပုံရပါတယ်။

 

"ထိုင်ဝမ်ကိုလည်ပတ်မယ့် အကြံအစည်က မသင့်တော်ဘူးလို့ စစ်တပ်က တွေးနေလောက်ပါတယ်၊ အခြေအနေကဘယ်လိုလဲတော့ ကျွန်တော်လည်းမသိသေးပါဘူး" လို့ 'ဘိုင်ဒန်'ကဆိုပါတယ်။

 

တရုတ်တို့ ပိုင်ဆိုင်တယ်လို့ အဆိုပြုထားတဲ့ကျွန်းကို 'ပယ်လိုစီ'သွားရောက်လည်ပတ်ခြင်းအပေါ် အထူးအလေးထား တုံပြန်သွားမှာဖြစ်ပြီး ထိုကဲ့သို့သွားရောက်ခြင်းက တရုတ်တို့ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးအုပ်ချုပ်ရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ့်လို့ တရုတ်က ပြောကြားခဲ့ပါတယ်။

 

လုံခြုံရေးကိစ္စရပ်များအရ ထိုင်ဝမ်သို့သွားဖို့အရေးက ရှေ့ဆက်မှာလားဆိုတာကို 'ပယ်လိုစီ'ရဲ့အဖွဲ့မှ မဖြေရှင်းထားပါဘူး။

 

နိုင်ငံခြားရေး ဌာနဘက်ကတော့ ထိုခရီးစဉ်ကို အယောင်ဆောင်သာဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

 

ထိုခရီးစဉ်အစီအစဉ်များကို Financial Times မှ သတင်းထုတ်ပြန်ထားတာဖြစ်ပြီး အိမ်ဖြူတော်ဘက်ကလည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

တရုတ်တို့က ဒီမိုကရက်တစ်နည်းလမ်းအရအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူတို့အပိုင်လို့သတ်မှတ်ထားပြီး ထိုကိစ္စကြောင့် တရုတ်နဲ့အမေရိကန်တို့အကြား အဆင်မပြေဖြစ်နေခဲ့တာကြာခဲ့ပါပြီ။

 

အမေရိကန်ရေတပ်စစ်သင်္ဘောတွေက ထိုင်ဝမ်ရေလက်ကြားမှာ တထောက်နားလေ့ရှိတာကြောင့်လည်း တရုတ်တို့ အမျက်ထွက်စရာဖြစ်ခဲ့ပါတယ်။

 

လက်ရှိကုန်သွယ်ရေး သဘောတူညီချက်များအတိုင်း လိုက်နာဖို့မှာလည်း 'ဘိုင်ဒန်'တို့အဖွဲ့က တရုတ်နဲ့လားရာ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group