Published 18 Juky 2022

ရုပ်ရှင်မင်းသမီး ဂျနီဖာလိုပက်ဇ်က သူမနှင့် ဘင် အက်ဖလက်တို့ လက်ထပ်လိုက်ကြပြီလို့ တနင်္ဂနွေနေ့က အတည်ပြုပြောဆိုပါတယ်။ လိုပက်ဇ်က သူတို့လက်ထပ်တဲ့နေ့က ပျော်ရွှင်စရာသတင်းနှင့် ဓာတ်ပုံတွေကို  ဂျေလို သတင်းလွှာနှင့်ဖြန့်ချိပေးခဲ့ပါတယ်။

“ ကျွန်မတို့လုပ်ဆောင်ခဲ့ပြီးပြီ” လို့ ပို့စ်ကို ခေါင်းစဉ်တပ်ထားပါတယ်။ ပို့စ်မှာ သူမဟာ ခင်ပွန်းသစ် အက်ဖလက်နှင့်အတူ ဗီဂက်စ်လက်ထပ်ပွဲက ပုံတွေကို တွဲတင်ထားပါတယ်။ သူမဟာ ပုခုံးလျော ဝတ်ရုံ၊ ဇာအင်္ကျီလက်နှင့်  အက်ဖလက်ကလည်း အဖြူရောင် tuxedo နှင့် ဘိုတိုင်အနက်ရောင်နှင့်ဖြစ်ပြီး သူမရဲ့ပါးပြင်ကို မွှေးမွေးပေးခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံး လက်ထပ်လက်စွပ်တွေ ဝတ်ဆင်ထားကြပါတယ်?

“ကျွန်မတို့လုပ်ဆောင်ခဲ့ပြီ။ အချစ်ဟာ လှပတယ်။ အချစ်ဟာ ကြင်နာတယ်။  ပြီးတော့ အချစ်ဟာ စိတ်ရှည်တယ်။ နှစ်နှစ်ဆယ်တိတိစိတ်ရှည်တယ်” လို့ လိုပက်ဇ်ကရေးသားထားပါတယ်။

“ဒီပွဲလေးဟာ ကျွန်မတိုလုပ်ချင်တဲ့အတိုင်းကွက်တိပဲ။ မနေ့ညကကျွန်မတို့ ဗီဂက်စ်ကို လေယာဉ်နှင့်သွားတယ်။ စုံတွဲလေးတွဲနှင့်အတူ လက်ထပ်လိုင်စင်အတွက် တန်းစီတယ်။ ကျွန်မတို့နောက်မှာ အမျိုးသားနှစ်ဦးက လက်ချင်းတွဲထားကြတယ်။ ကျွန်မတို့ရှေ့မှာ သူတို့ရဲ့သမီးကလေး (၂)နှစ်ပြည့်မွေးနေ့မှာ ဗစ်တိုဗီလီကနေ သုံးနာရီကြာ ကားမောင်းလာခဲ့ရတဲ့ ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲရှိတယ်” လို့ သူမကပြောပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၀၄ခုနှစ် ဇန်နဝါရီမှာ ပထမစေ့စပ်ပွဲပျက်ပြီးနောက် မနှစ်ကပြန်တွဲခဲ့ကြပါတယ်။ ဒီနှစ်ဧပြီလမှာတော့ အသက် ၄၉နှစ်အရွယ် အက်ဖလက်က အသက်၅၂နှစ်ရှိပြီဖြစ်တဲ့ လိုပက်ဇ်ကို ထပ်ပြီး လက်ထပ်ဖို့ကမ်းလှမ်းခဲ့ပါတာဖြစ်ပါတယ်။

#Source_Yahoo

#Jennifer_Lopez_marries_Ben_ Affleck

#Celebrities_wedding