#WorldHealth
Published 10 July 2022

 

ကလေးမွေးရေကန်ထဲမှာ မွေးဖွားခြင်းက ပုံမှန်မွေးဖွားခန်းတွေမှာ မွေးရသလို ဘေးကင်းစိတ်ချရတဲ့အပြင် မွေးဖွားနေစဉ်အတွင်း နာကျင်ခြင်းနဲ့ စိတ်ပူပန်ခြင်းတို့ကိုပါ သက်သာစေကြောင်း သုတေသီများဖော်ပြထားပါတယ်။

 

ရေထဲမှာ မွေးဖွားခြင်းက မိခင်အတွက်ရော ကလေးအတွက်ပါ ကောင်းကျိုးများရရှိစေနိုင်တယ်လို့ BMJ Open မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

 

နာကျင်ခြင်းသက်သာဖို့နဲ့ အဆင်ပြေလွယ်ကူဖို့ ကလေးမွေးကန်ပါဝင်တဲ့ မွေးဖွားခြင်းတွေကို ရေထဲမှာမွေးတယ်လို့ သတ်မှတ်ပြီး ကလေးထွက်ရာလမ်းကြောင်းက ရေထဲရှိမနေရင်တောင် ထိုကဲ့သို့သတ်မှတ်လို့ ရပါတယ်။

 

ကလေးမွေးဖွားနည်းမျိုးစုံနဲ့ မွေးခဲ့တဲ့ ကိုယ်ဝန်သည် ၁ သိန်းခွဲကို သုတေသီများက လေ့လာမှု များ ပြုလုပ်ခဲ့ကြပါတယ်။

 

ကလေးမွေးကန်ထဲမှာ မွေးဖွားခြင်းက မွေးဖွားစဉ်နာကျင်ခြင်းနဲ့ မွေးဖွားအပြီး သွေးထွက်များ ခြင်းတို့ကိုပါ လျော့ကျစေနိုင်ပါတယ်။

 

ရေထဲမွေးဖွားခြင်းရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ယူကေဆေးပညာရပ်ဝန်းမှာ အမျိုးမျိုးပြောဆိုနေကြပါတယ်။

 

၂၀၀၆ ခုနှစ်က ယူကေသားဖွားမီးယပ်တော်ဝင်ကောလိပ်က ကလေးမွေးကန်ထဲမွေးဖွားခြင်းကို ကောင်းကြောင်းပြောကြပေမယ့် အမေရိကန်သားဖွားမီးယပ်ကောလိပ်က ၂၀၁၄ မှာ ရေထဲမွေးဖွားခင်းက ကလေးရေမွန်းခြင်း၊ ကလေးနဲ့မိခင်ရောဂါပိုးဝင်ရောက်နိုင်ခြင်း၊ ချက်ကြိုးညပ်ခြင်းများ ဖြစ်တတ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

 

သိပ္ပံပညာရှင်အချို့ကတော့ ကလေးဟာမွေးမွေးချင်း အသက်မရှူသွင်းကြဘဲ နှာခေါင်းနဲ့ ပါးစပ်မှာရှိနေတဲ့အရည်တွေကို အရင်မျိုချရကြောင်း ရှင်းပြကြပါတယ်။

 

အဲဒီနောက် ကလေးရေရှူသွင်းမိတဲ့ကိစ္စက အန္တရာယ်ရှိတယ်လို့ မပြောကြတော့ပါဘူး။

 

ကလေးမွေးကန်အတွက်ထည့်ထားတဲ့ရေက မသန့်ရှင်းတဲ့အခါမှာတော့ ရောဂါပိုးဝင်ရောက်ခြင်းကတော့ အဖြစ်များတဲ့ပြဿနာဖြစ်ပါတယ်။

 

ထို့နောက် ရေထဲမွေးရင်း ချက်ကြိုးပြတ်တတ်တဲ့ ပြဿနာလည်းတွေ့ရပေမယ့် ဖြစ်ပွားမှုနှုန်းနည်းပြီး ၁ ထောင်မှာ ၁.၃ ယောက်နှုန်းသာရှိပါတယ်။

 

အောက်စဖိုဒ်ဘရွတ်ခ်စ်တက္ကသိုလ်ရဲ့ ဖော်ပြချက်အရ ရေထဲကလေးမွေးခြင်းက ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group