#WorldHealth
Published 10 July 2022

 

စီးကရက်အတု(vape)သောက်သုံးတဲ့ ကလေးလူငယ်အရေအတွက်ဟာ ၂ နှစ်အတွင်း ၂ ဆနီးပါးများပြားလာကြောင်း အစိုးရကထုတ်ပြန်သတိပေးထားပါတယ်။

 

ဒီလိုပြဿနာတွေအတွက် TikTok လို ဆိုရှယ်မီဒီယာတွေကို အပြစ်တင်နေကြပါတယ်။

 

တစ်တော့လို ဗီဒီယိုတွေမှာ စီးကရက်အတုသောက်ပြတဲ့ပုံတွေကို ပြသလာကြပြီး ကြည့်ရှုသူသန်းပေါင်းများစွာ ရှိနေတာပဲဖြစ်ပါတယ်။

 

ဗြိတိန်မှ အသက် ၁၁ နှစ်ကျော်ကလေး ၂ ထောင်ကို စစ်တမ်းကောက်ယူကြည့်ရာ ၇ ရာခိုင်နှုန်းက စီးကရက်အတုသုံးစွဲလာကြပြီး ၂၀၂၀ ခုနှစ်တုန်းက ၄ ရာခိုင်နှုန်းသာ ရှိခဲ့တာဖြစ်ပါတယ်။

 

ထိုကာလအတွင်း စမ်းသပ်သုံးစွဲလာကြတဲ့ သူတွေကလည်း ၁၆ ရာခိုင်နှုန်းထိ များပြားလာပါတယ်။

 

သုံးစွဲသူ တဝက်ခန့်လောက်က TikTok, Instagram, Snapchat တို့ကနေ စီးကရက်အတုသောက်သုံးတဲ့ ဗီဒီယိုတွေကို ကြည့်ရှုခဲ့ကြပါတယ်။

 

စီးကရက်အတု ကိရိယာတွေကို ကလေးလူငယ်တွေ စွဲလမ်းလာရတာက တောက်ပတဲ့ အရောင်အသွေး၊ ဈေးသက်သာမှုနဲ့ အသီးအနံ့အရသာ ပါဝင်မှုတို့ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

 

စီးကရက်အတုတွေကို ၅ ဒေါ်လာလောက်နဲ့ ဝယ်ယူရရှိနိုင်ပြီး အသက်အရွယ်ခွင့်ပြုချက်မလိုဘဲ အွန်လိုင်းကနေ ဝယ်ယူနိုင်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်အတွင်း နီကိုတင်းပါဝင်တဲ့ puff bars ဆိုတဲ့ ပစ္စည်းအသစ်ထွက်ရှိလာပါတယ်။

 

နီကိုတင်းအပြင် ထိုပစ္စည်းတွေမှာ အဆုတ်အထိ ရှိက်သွင်းဝင်ရောက်စေတဲ့ အန္တရာယ်ပြု အမှုန်များပါဝင်ပြီး အဆုတ်ရောဂါဖြစ်စေတဲ့ ဓာတုအနံ့အရသာတွေလည်း ပါဝင်ပါတယ်။

 

ဆေးလိပ်နှင့် ကျန်းမာရေးဌာန(ASH)မှ အမှုဆောင်ချုပ်'ဒီဘိုရာအာနော့'က အသက်မပြည့်သူများအား ရောင်းချခြင်း၊ ကလေးလူငယ်များ သုံးစွဲချင်အောင်ထုပ်ပိုးထားခြင်း၊ ဆိုရှယ်မီဒီယာတွေကနေ ရောင်းချခြင်းများနဲ့ ပတ်သက်ပြီး ဥပဒေများချမှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

 

အကုန်လုံးခြုံငုံကြည့်တဲ့အခါ အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း ကလေး ၄ ရာခိုင်နှုန်း၊ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အတွင်း လူငယ် ၁၄ ရာခိုင်နှုန်းတိုက လက်ရှိမှာ စီးကရက်အတုသုံးစွဲနေတယ်လို့ သိရှိထားပါတယ်။

 

ကလေးတွေကြား ဆေးလိပ်သောက်သုံးခြင်းကတော့ ၂၀၂၀ ခုနှစ်က ၁၆ ရာခိုင်နှုန်းရှိရာကနေ ၂၀၂၂ မှာ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

 

ဆိုရှယ်မီဒီယာတွေကနေ စီးကရက်အတုရောင်းချခြင်းက အဓိကအားဖြင့် TikTok ဖြစ်ပြီး ၄၅ ရာခိုင်နှုန်းရှိကာ Instagram က ၃၁ ရာခိုင်နှုန်း၊ Snapchat ကနေ ၂၂ ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါတယ်။

 

အသက်မပြည့်သေးတဲ့ စီးကရက်အတုသောက်သုံးသူတွေရဲ့ ၄၇ ရာခိုင်နှုန်းက ဆိုင်တွေကနေ ဝယ်ယူကြတာဖြစ်ပြီး ၁၀ ရာခိုင်နှုန်းက အွန်လိုင်းနဲ့ ၄၃ ရာခိုင်နှုန်းကတော့ တစ်ယောက်ယောက်ဆီကရခဲ့တာဖြစ်ပါတယ်။

 

စမ်းသပ်သုံးစွဲကြည့်ရတဲ့အကြောင်းအရင်းကို မေးကြည့်ရာမှာ အနံ့အရသာကြိုက်နှစ်သက်ခြင်းနဲ့ သောက်ရတဲ့အတွေ့အကြုံကို သဘောကျကြတာကြောင့်ဖြစ်ပါတယ်။

 

ဆေးလိပ်သောက်ခြင်းက ငယ်ရွယ်တဲ့လူတွေရဲ့ကျန်းမာရေးကို အန္တရာယ်ကြီးစွာသက်ရောက်စေပြီး စီးကရက်အတုသုံးစွဲခြင်းဖြင့် ဆေးလိပ်ဖြတ်ခြင်းကိုအထောက်အကူဖြစ်စေကြောင်း အထောက်အထားတွေရှိပါတယ်။

 

Source: DailyMail.
#Yangon_Media_Group