#WorldHealth
Published 8 July 2022

 

မျောက်ကျောက်ရောဂါက အရာဝတ္ထုမျက်နှာပြင်တွေကနေတဆင့် ကူးစက်နိုင်လားဆိုတာကို ဂျာမနီနိုင်ငံမှ လေ့လာခဲ့ပါတယ်။

 

အာဖရိကအလယ်ပိုင်းနဲ့ အနောက်ပိုင်းကနေ တစ်ကမ္ဘာလုံးကို ကူးစက်လာတဲ့မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ကို သိပ္ပံပညာရှင်များက ဆက်လက်လေ့လာနေဆဲဖြစ်ပြီး ရောဂါကူးစက်ပျံ့ပွားပုံနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေရှိနေပါသေးတယ်။

 

Eurosurveillance ဂျာနယ်ရဲ့ဖော်ပြချက်အရ မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိတဲ့ လူနာတွေရဲ့ ဆေးရုံအခန်းတွေကမျက်နှာပြင်တွေမှာ ကျန်ရှိနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

ထိုရောဂါဟာ တိရိစ္ဆာန်တွေနဲ့လူတွေမှာ ကူးစက်တတ်တဲ့ရောဂါမျိုးဖြစ်ပါတယ်။

 

၂၀၂၂ မေလနောက်ပိုင်း ကမ္ဘာတဝှမ်းမှာ မျောက်ကျောက်ရောဂါကူးစက်မှုများပြားလာပြီး အထူးသဖြင့် ဥရောပအနောက်ပိုင်းမှာ ဖြစ်ပါတယ်။

 

ထိုရောဂါက နည်းလမ်းအမျိုးမျိုးဖြင့် ကူးစက်တတ်ပြီး ပုံမှန်အားဖြင့် နှာခေါင်း၊ မျက်လုံး၊ ပါးစပ်၊ ဒဏ်ရာရထားတဲ့အရေပြားကနေတဆင့် ဗိုင်းရပ်စ်ကခန္ဓာကိုယ်ထဲသို ဝင်ရောက်သွားပါတယ်။

 

ဒါကြောင့် အချိုသောတိရိစ္ဆာန်တွေနဲ့ အနီးကပ်နေနေရတဲ့ လူတွေအနေနဲ့ သတိထားသင့်ပါတယ်။

 

ကူးစက်ပျံ့နှံပုံကို သေချာမသိရသေးပေမယ့် ပုံမှန်အားဖြင့်တော့ လူလူချင်းကူးစက်တာခြင်းက အလွန်ရှားပါးပါတယ်။

 

ဒါပေမဲ့လည်း ယခုကူးစက်ပျံ့နှံနေတဲ့ ရောဂါပိုးမှာတော့ ဗီဇဆင့်ကဲပြောင်းလဲခြင်းတွေ ရှိနေနိုင်ပါတယ်။

 

WHO ရဲ့ဖော်ပြချက်အရ မျောက်ကျောက်ရောဂါဟာ လူတစ်ယောက်ရဲ့ ရှူထုတ်လိုက်တဲ့အမှုန်များ၊ ခန္ဓာကိုယ်ထဲမှအရည်များ၊ အနာများကနေတဆင့် အခြားတစ်ယောက်ဆီထိတွေ့ ကူးစက်တတ်ပါတယ်။

 

သုတေသီများက ဂျာမနီရှိဆေးရုံတစ်ရုံသို့ သွားရောက်ကာ မျောက်ကျောက်ရောဂါလူနာထားရှိတဲ့ အခန်းတွေနဲ့ အနီးနားက ကာကွယ်ရေးဝတ်စုံပစ္စည်း(PPE)များထားရှိရာအခန်းတွေရဲ့ မျက်နှာပြင်တွေကို လေ့လာခဲ့ကြပါတယ်။

 

ထိုနမူနာတွေကို လူနာတွေရဲ့အနာနဲ့လည်ချောင်းတို့မှရရှိတဲ့ နမူနာတွေနဲ့နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

လူနာတွေရဲ့သန့်စင်ခန်းကရတဲ့နမူနာတွေက မျောက်ကျောက်ရောဂါဗိုင်းရပ်စ်အများဆုံးပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။

 

ဒါ့အပြင် အဝတ်အထည်များ၊ ဘီဒိုတံခါးများနဲ့ အခြားနေရာတွေမှာလည်း ဗိုင်းရပ်စ်တွေ့ရှိခဲ့ကြပါတယ်။

 

လူနာများထိတွေ့လေ့ရှိတဲ့ ခေါင်းအုံးစွပ်၊ ပဝါနဲ့ အဝတ်အထည်တွေမှာလည်း မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြပါတယ်။

ထိုနေရာတွေမှတဆင့် အခြားတစ်ယောက်ကိုကူးစက်နိုင်လားဆိုတာကိုတော့ မသိရှိကြသေးပါဘူး။

 

ဗိုင်းရပ်စ်တွေ့ရှိတာနဲ့ပဲ ရောဂါကူးစက်စေနိုင်တယ်လို တထစ်ချယူဆလို့ မရနိုင်ပါဘူး။

 

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ရေးဝတ်စုံများ ချွတ်ပြီးတဲ့အခါ သေချာဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။

 

မျက်နှာပြင်တွေပေါ်မှာ ဗိုင်းရပ်စ်ပမာဏဘယ်လောက်ရှိတဲ့အခါ ကူးစက်နိုင်မလဲဆိုတာကိုသိရဖို့ နောက်ထပ်လေ့လာမှုတွေပြုလုပ်ရဦးမှာဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group