Published 8 July 2022

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးဟာ သောကြာနေ့က  အနောက်ပိုင်းနာယာမြို့မှာ အများပြည်သူကို မိန့်ခွန်းပြောနေစဉ် ပစ္စတိုကိုင်ဆောင်ထားပုံရတဲ့ လူတစ်ဦးက နောက်ကျောဘက်ကို သေနတ်နှင်ပစ်ခတ်တာကို ခံရတဲ့အတွက်‌ ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ အင်န်အိတ်ချ်ကေ ကရုပ်သံသတင်းထုတ်လွှင့်သွားပါတယ်။

အသက် ၆၇နှစ်ရှိပြီဖြစ်တဲ့ အာဘေးဟာ  နှလုံးရပ်သွားတဲ့အခြေအနေရှိကြောင်း ကျိုဒိုသတင်းဌာနက ပြောပါတယ်။ ဘူတာရုံတစ်ခုရဲ့ အပြင်ဘက်မှာ မိန့်ခွန်းပြောနေစဦ် သေနတ်သံကြားရပြီး မီးခိုးဖြူတွေ ထွက်လာတာမြင်ကြရပါတယ်လို့ အင်န်အိတ်ချ်ကေကပြောပါတယ်။

အာဘေးမိန့်ခွန်းပြောနေစဉ် သေနတ်သံဆက်တိုက်နှစ်ချက်ကြားရတယ်လို့ အင်အိတ်ချ်ကေ သတင်းထောက်က အခင်းဖြစ်ရာနေရာကနေ သတင်းပေးပိုပါတယ်။

အစိုးရအဖွဲ့အတွင်းရေးမှူးက မီဒီယာတွေကို သတင်းထုတ်ပြန်ပေးဖို့ရှိနေပါတယ်။

ရဲက ပစ်ခတ်သူလို့ သံသယရှိသူကို ဖမ်းဆီးလိုက်ပြီး ပစ်ခတ်ခံရတဲ့နေရာကနေ သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

အာဘေးဟာ ဂျပန်မှာ  ဝန်ကြီးချုပ်သက်တမ်း (၂)ခု ထမ်းဆောင်ခဲ့တဲ့အတွက် ၂၀၂၀ပြည့်နှစ်မှာ ကျန်းမာရေးကြောင့် အနားယူတဲ့အချိန် ဂျပန်ရဲ့ ဝန်ကြီးချုသက်တမ်းအရှည်ဆုံးသူဖြစ်ခဲ့ပါတယ်။

Source Reuters