Published 30 June 2022

ဂရမ်မီဆုရှင် R&B အဆိုတော် အာရ်ကယ်လီကို သူ့ရဲ့အောင်မြင်ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုတွေကို အမြတ်ထုတ်ပြီး သူ့ရဲ့ လိင်မှာနယ်ပယ်ထဲ အမျိုးသမီးတွေနှင့် အသက်မပြည့်သေးတဲ့မိန်းကလေးတွေကို သွေးဆောင်ဖြားယောင်းခဲ့တာ ပြစ်မှုထင်ရှားလို့ ဇွန်လ(၂၉)ရက် ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် အနှစ်(၃၀) ချမှတ်ခံလိုက်ရပါတယ်။

အသက်၅၅နှစ်ရှိပြီဖြစ်တဲ့ ကယ်လီဟာ  တရားမဝင်လုပ်ငန်းဖြင့်အသက်မွေးမှုနှင့် လိင်ရာဇဝတ်မှုတွေကြောင့် ကိုးလကြာ အမှုရင်ဆိုင်နေရပြီးနောက် ယခုလိုထောင်ဒဏ်အပြစ်ပေးခံရတာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုခန့်က "I Believe I Can Fly" ဆိုတဲ့ နာမည်ကျော်တေးအယ်ဘမ်နှင့် ဂရမ်မီဆုရခဲ့တာဖြစ်ပါတယ်။

ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံံးက အမေရိကန်ခရိုင်တရားသူကြီး အန်း ဒွန်နယ်လီက ကယ်လီရဲ့ လူသားတွေ ထိခိုက်ခံစားရအောင် ဥပက္ခာပြမူခြင်းနှင့် ကျူးလွန်ခံရသူတွေကို လူသားမဆန်စွာရက်စက်ခြင်းတွေလုပ်ခဲ့တာတွေဟာ အထောက်အထားတွေမှာ ပေါ်လွင်နေတယ်လို့ ပြောပါတယ်။

“ဒီအမှုဟာ လိင်သက်သက်မဟုတ်ဘူး။အကြမ်းဖက်မှု၊ကြမ်းတမ်းရက်စက်မှုနှင့်ထိန်းချုပ်မှုတွေအကြောင်းဖြစ်တယ်” လို့ တရားသူကြီးကပြောပါတယ်။

နာမည်အပြည့်အစုံအရ ရောဘတ်ဆိုင်ဗက်စတားကယ်လီလို့ပေးထားတဲ့ ကယ်လီဟာ ဗုဒ္ဓဟူးနေ့ကြားနာပွဲမှာ စကားမပြောခဲ့ပါဘူး။ဒါပေမယ့် သူဟာ လိင်အကြမ်းဖက်မှုစွပ်စွဲချက်တွေကိုတော့ ထပ်ခါတလဲလဲ ငြင်းဆိုခဲ့ပါတယ်။

ထောင်ဒဏ်အမိန့်ဖတ်ကြားအပြီးမှာ ထောင်ဒဏ်ဟာ စိတ်ထိခိုက်စရာကောင်းပြီး အယူခံဝင်မယ်။ ထောင်အနှစ်၃၀ဆိုတာ သူ့ကို ထောင်ဒဏ်တစ်သက်ချလိုက်တာနှင့်အတူတူပဲလို့ သူ့ရှေ့နေ ဂျနီဖာဘွန်ဂျိန်းက ပြောပါတယ်။

“ဆယ်ကျော်သက်တစ်ဦးအနေနှင့် အာရ်ကယ်လီက သူ့ကို ပါးစပ်နှင့်ဆက်ဆံပေးဖို့ပြောတဲ့အခါ ‘ဟင့်အင်း” လို့ ကျွန်မ ဘယ်လိုပြောရမှန်းတောင်မသိဘူး” လို့ ဂျိန်းဒိုးအမှတ်(၂)လို့ အမည်သတ်မှတ်ထားတဲ့ အမျိုးသမီးကပြောပါတယ်။

အဲဒီနောက်သူမက စကားကိုခေတ္တရပ်လိုက်ပါတယ်။ အဲဒီနောက် ကယ်လီကိုစေ့စေ့ကြည့်ပြီး” ရှင်ဒါကိုမှတ်မိလား” လို့ မေးလိုက်ပါတယ်။

ကယ်လီဟာ နှာခေါင်းစည်း အမည်းရောင်တပ်ဆင်ထားပြီး ထောင်ဝတ်စုံဝတ်ဆင်ထားပါတယ်။

ငါးပတ်ခွဲကြာ စစ်ဆေးမှုမှာ စွပ်စွဲသူ တော်တော်များများက ကယ်လီဟာ သူတို့ကို သူ့စည်းမျည်းတွေအတိုင်း တိတိကျကျလိုက်နာဖို့ ဘယ်လိုတောင်းဆိုတယ်ဆိုတာတွေကို ထွက်ဆိုခဲ့ပါတယ်။

Source Reuters